"အေး Minguk ah ခဏကကျေးဇူးတင်ဖို့မေ့သွားလို့ ငါလည်း စိတ်တိုနေတာနဲ့ကွာ"
အခန်းထဲဝင်လိုက်တော့ ခဏတုန်းက ဖုန်းလှမ်းဆက်ပေးတဲ့ Mingukဆိုသော Hyungကို ကျေးဇူးလှမ်းတင်တဲ့ကိုကို
ကုတင်ခြေရင်းမှာ ထိုင်ရင်းဖုန်းပြောနေတဲ့ ကိုကိုဘေးမှာတော့ ကြိမ်လုံးလေးက ငြိမ်သက်စွာနေရာယူလို့
ကိုကိုစိတ်နည်းနည်းပြေလိုပြေငြား ကိုကိုနဲ့မျက်နှာချင်းဆိုင်မှာ ခေါင်းငုံပြီး လက်နှစ်ဖက်ယှက်ကာ နေနေလိုက်တယ်
"အေးအေး နောက်နေ့ကျမှတွေ့မယ်ကွာ အဲ့ဒါဆို ဒါဘဲနော်"
ကိုကိုက ဖုန်းပြောတာကို လက်စသတ်လိုက်ကာ ဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်တယ်
ဘာဆိုဘာမှမဆိုဘဲ ငြိမ်နေတာကြောင့် အသာမျက်လုံးလေးပင့်ကြည့်လိုက်တော့ ကျွန်တော့်ကိုမျက်လုံးပေါက်ထွက်မတတ်ကြည့်နေတဲ့ကိုကို
ဒေါသအရှိန်ကြောင့် နီရဲပြီးစူးရှနေတဲ့မျက်လုံးတွေကြောင့် လန့်ကာ အသာမျက်လွှာပြန်ချလိုက်သည်
နာရီဝက်လောက်ကြာသည်အထိ ကိုကို့ဘက်က ဘာစကားမှစမလာပေ
ရပ်ထားရတာကြောင့် ခြေသလုံးတွေညောင်းလာပေမဲ့ ကိုကို အခုလို ဒေါသထွက်နေတာကိုမမြင်ဖူး၍ တောင့်ခံနေရသည်
အရင်ကလိုဆို ကိုကို့ကို ချွဲပြီး ရင်ခွင်ထဲပစ်ဝင်လိုက်လျှင် ရပေမဲ့ အခုကတော့ အခြေအနေမတူပေ
"ဟင်း..."
သက်ပြင်းအသာချလာတဲ့ကိုကို
"အကြောင်းပြချက်လေးပေးပါဦး Baekhyun"
သေချာပါသည် အခုလို နာမည်အရင်းကိုခေါ်လျှင် ကိုကို့ဒေါသသည် အဆင့်၅ဆင့်မှာ ၄ဆင့်ခွဲ လောက်ထိရောက်နေပြီ
"ပြောလေ မင်းဘာကြောင့်သောက်ခဲ့တာလဲဆိုတဲ့အကြောင်းပြချက်ပြောလေ"