Part 5

4.3K 400 10
                                    

"ဒါဒါ ဒီးဒီး ဒီးဒီး"

Baekhyunတစ်​​ယောက်​ မ​နေ့ကဆူခံထားရတာကိုပင်​​မေ့ကာ ​ရေချိုးရင်း သီချင်းညည်း​နေ​လေရဲ့

"ဟင်​ ကိုကို အ​စောကြီးဘဲရှိ​သေးတယ်​ မ​နေ့က​ပြော​တော့ ၆နာရီမှလာမှာဆို"

ရေချိုးခန်းကထွက်​လာ​တော့ ကိုကိုက ထိုင်​ခုံ​ပေါ်မှာ ငုတ်​တုတ်​ကြီးထိုင်​​နေတာ

"အင်း ​​မေးစရာ​ရှိတယ်​ အင်္ကျီသွားဝတ်​ခဲ့"

Baekhyun​လေးခဗျာ အဝတ်​​လေး​တွေယူသွားပြီး​ရေချိုးခန်းထဲဝင်​သွားလိုက်​တယ်

ကိုကို ဘာဖြစ်​​နေတာလဲမသိဘူး ၆နာရီမှလာမှာဆိုပြီး အခု၅နာရီ​စွန်းစွန်းဘဲရှိ​သေးတယ်

ပြီး​တော့ စိတ်​ထင်​လို့လား​တော့မသိ ကိုကို မျက်​နှာက တည်​​နေသလိုဘဲ

မေးစရာရှိတယ်​လို့လည်း​ပြော​သေးတယ်​ ဘာ​တွေ​မေးမှာလဲမသိဘူး

အား မသိဘူးကွာ သူလည်း​မေးချင်​တာ​မေး ကိုယ်​လည်း​ဖြေချင်​တာ​ဖြေတာ​ပေါ့ ဟွန့်

"ကိုကို"

"ထိုင်​​လေ"

"Nae"

အင်္ကျီလဲပြီး ကိုကို​ဘေးနားဝင်​ထိုင်​လိုက်​တယ်

"ကိုကို ဟို ​မေးစရာရှိ​တယ်​ဆို ဘာလဲဟင်​"

"ပူတူး ကိုကို့ကို ဘယ်​လိုမြင်​လဲ"

"ဟမ်​ ကိုကို့ကို ကိုကိုလို့ဘဲ​မြင်​တာဘဲ အထူးအဆန်းလုပ်​​နေ​သေးတယ်​"

"ပူတူး ​​နောက်​​ပြောင်​မ​နေနဲ့ ကိုကို အတည်​​မေး​နေတာ"

"ကိုကို"

မ​နေ့ကဆူတုန်းကထက်​ကို arnyi ​လူမှန်းသိတတ်​စအရွယ်​ကတည်းက အခုထိ ကိုကို ဒီ​လောက်​ကြီး မျက်​နှာတည်​​နေတာကို မမြင်​ဖူး​ပေ

သူကိုကိုစိတ်​တို​အောင်​တစ်​ခုခုများလုပ်​မိသလားဆိုပြီး.အလျင်​အမြန်​ စဉ်းစား​တော့လည်းမရှိ

ဘာ​တွေကများ ကိုကို့ကို အဲ့​လောက်​ထိစိတ်​တို​နေ​စေတာလဲ

PutuWhere stories live. Discover now