Part 21

2.9K 341 47
                                    

"​ဟေ့​ကောင်​​တွေ ငါမ​နေ့က Park Samကို Galaxy Mallမှာ​တွေ့လိုက်​တယ်​"

အင်း အဲ့အထိ ဘာမှမဖြစ်​​သေး​ပေ

Galaxy Mallဆိုသည်​မှာ Appa၏လုပ်ငန်း​တွေထဲမှ တစ်​ခုပင်

"အဲ့ဒါ Park Sam​ဘေးမှာ​လေ ​​အရမ်းလှ​ပြီး hotတဲ့ေ​ကာင်​မ​လေးပါတယ်​ကွ"

"ဟာ မင်းတို့ကလည်း Samက သူ့​အ​ဖေလုပ်​ငန်းမှာ ဝင်​ကူ​နေရ​တော့ လုပ်​ငန်းအရ​တွေ့တာ​နေမှာ​ပေါ့ကွ"

အင်း ​ကောင်​မ​လေးဆိုတဲ့စကား​နောက်​မှာ​တော့ Byun Baekhyunတို့ကမ္ဘာပျက်​ပြီ​လေ

အ​ကြောင်းသိတဲ့ Kyungsooက ​ဝင်​​ဖြေရှင်း​ပေး​လေရဲ့

"ဟ ​ဟေ့​ကောင်​ လုပ်​ငန်းပိုင်းအရ​တွေ့တာ လက်​ကိုင်​ထားဖို့လိုလို့လား ပြီး​တော့ ဒီမှာ မင်းတို့မယုံဘူး​ပြောမှာစိုးလို့ ဓာတ်​ပုံရိုက်​ထားတယ်​"

"ဘာ!!!! ပြစမ်း!!"

"​အောင်​မ​လေး လန့်​တာ Baekhyunရာ ဘာဖြစ်​တာတုန်း"

"ဪ Park Samကလက်​ကိုင်​ထားတယ်​ဆိုလို့ အံ့သြသွားလို့ပါ"

"​အေး ငါလည်းအဲ့ဒါ​ပြောတာ...!#€´&=©®*®#$"

နောက်​ပိုင်း​ပြောတာ​တွေ သူမသိ​တော့ ​ခေါင်းထဲမှာ ကိုကိုက ​ကောင်​မ​လေးတစ်​​ယောက်​ လက်​ကိုကိုင်​ထားတဲ့ပုံကို ထပ်​တလဲလဲ မြင်နေရတယ်

"Baekhyun Samလည်းတစ်​ခုခုရှိလို့​နေမှာပါ စိတ်​ထဲထားမ​နေနဲ့"

သူငယ်​ချင်း​တွေနဲ့​တွေ့ဆုံပွဲက အပြန်​ ​ဖြောင်းဖျလာတဲ့ Kyungsooကို ပြုံးသာပြလိုက်​သည်

အိမ်​ထဲဝင်​ပြီး ကုတင်​​ပေါ်လှဲချလိုက်​​တော့လည်း Minwoo​ပြောတဲ့စကား​တွေသာ ကြား​ယောင်​​နေတယ်

မ​နေနိုင်​တဲ့အဆုံး ကိုကို့အိမ်​ကိုထွက်​ခဲ့​တော့တယ်

"Omma​ရေ"

"Baekhyunee သားကိုကိုပြန်​မလာ​သေးဘူးကွယ်​"

"သိတယ်​ Omma ကိုကိုပြန်​လာတာ ​စောင့်​ချင်​လို့"

"ဟုတ်​ပါပြီရှင်​ အခန်းထဲသွား​စောင့်​​လေ ၁နာရီ​လောက်​ကြာဦးမယ်​ထင်​တယ်​"

PutuWhere stories live. Discover now