"အား ကျွတ် ကျွတ်"
ရိုက်ခံထားရသည်ကိုမေ့ကာ ကုတင်ပေါ်မှအလောတကြီးဆင်းမိတော့ ဆစ်ခနဲနာကျင်သွားကာ ညည်းမိလိုက်တော့သည်
ခါတိုင်းလိုဆို ခြေထောက်နာတာကိုအကြောင်းပြပြီး ကုတင်ပေါ်မှာဘဲလှဲကာ လောကစည်းစိမ်အပြည့်ခံစားမိမယ်ဆိုပေမဲ့ အခုတော့မဖြစ်မနေထရမည်
"ဘယ်တုန်း!!"
အောက်ထပ်ရောက်ရောက်ချင်း ဧည့်ခန်းမှာထိုင်နေတဲ့ Papaက မေးလာလေသည်
စိတ်ဆိုးမပြေသေးဘူးဆိုတာကို သိသာစေသော မာထန်နေသောအသံကြီးနဲ့
"ဟို ကိုကို~~ ကိုကိုဆီသွားမလို့"
ကြောက်ကြောက်လန့်လန့်နဲ့ထွက်သွားတဲ့အသံတွေက တုန်ယင်နေသည်
"အေးအေး ကောင်းကောင်းသွား"
Papaပြန်ပြောဖို့ ပါးစပ်ဟရုံရှိသေး မီးဖိုခန်းထဲကနေ ထွက်လာတဲ့ မားက ပြောသွားလေရဲ့
ကြည့်ရတာ ကျွန်တော့်ကိုPapaထပ်ဆူမှာစိုးလို့ ဖြတ်ပြောလိုက်ရတဲ့ပုံပင်
.
.
.
.
.
.
"ဪ Baekhyunပါလား"ကိုကို့အိမ်ရောက်လာတော့ TVကြည့်နေတဲ့ Appa
သားငယ် သားလေး Appaအသည်းလေးဟူ၍သာ ခေါ်တတ်သော Appaသည် ယခုအခါတွင်မူ Baekhyunဆိုပါလား
စိတ်ဆိုးနေလို့ အဲ့လိုခေါ်တယ်ဆိုတာ သိပေမဲ့ ကြားလိုက်ရသည့်အချိန်တွင် ဝမ်းနည်းချင်းတို့သာကြီးစိုးလာခဲ့သည်
"ဟို ကိုကို"
"အပေါ်ထပ်မှာ"
ကိုကိုဘယ်မှာလဲလို့မေးဖို့ ကိုကိုဟူ၍သာရှိသေး ပြတ်သားလှသောအသံက ပေါ်ထွက်လာပြန်ပြီ
မှားသွားပါတယ်Appaရယ် အဲ့လိုမျိုးကြီးတော့မလုပ်ပါနဲ့
"Yeoboရေ ခဏ!"
အိပ်ခန်းထဲကOmmaအသံကြားတာနဲ့ TVပိတ်ပြီးအခန်းထဲဝင်သွားလေသည်