"Lotte World ဝေး!!"
ကားရပ်လိုက်တာနဲ့ ပြေးဆင်းပြီး ခုန်ပေါက်နေတဲ့ ပူတူး
လမ်းမှာဝင်ဝယ်ပေးခဲ့တဲ့ sweaterအဝါလေးနဲ့jeanလေးဟာ သူများတွေဆို ဘယ်လိုနေလဲမသိပေမဲ့ ပူတူးနဲ့တော့ တကယ်ကိုချစ်ဖို့ကောင်းလွန်းလှသည်
ဖြူဖွေးလှတဲ့အသားအရေဟာ အဝါရောင်sweaterကြောင့် ဝင်းဝင်းလေးဖြစ်နေတဲ့အပြင် ခုန်ဆွခုန်ဆွလုပ်နေသောကြောင့် ဘဲပေါက်လေးနှင့်ပင်တူသေးသည်
"ကိုကို ကိုကို"
လက်မှတ်ဖြတ်တဲ့နားရောက်တော့ နဘေးကိုပြန်ပြေးလာတဲ့ ပူတူး
"ကိုကို gift shopထဲအရင်ဝင်ရအောင်နော်"
မျက်တောင်လေးတဖြတ်ဖြတ်ခတ်ကာ သူလိုချင်တာကို ပြောရှာတဲ့ပူတူး
ခေါင်းလေးငြိမ့်ပြလိုက်တာနဲ့ဆိုင်ထဲပြေးဝင်သွားပြန်တယ်
ပူတူးနောက်မလိုက်ခင် gift shopဘေးက လက်မှတ်ရုံမှာ လက်မှတ်၂စောင် အရင်ဝင်ဝယ်လိုက်တယ်
"ကိုကို ဟီး ဟီး"
လက်မှတ်ကို အိပ်ကပ်ထဲထည့်လိုက်ပြီး ဆိုင်ထဲဝင်လိုက်တော့ မီးလင်းနေတဲ့အနီရောင်သမင်ဂျိုလေးကို ခေါင်းပေါ်တပ်ထားပြီး ချစ်စဖွယ်ရယ်ပြနေရှာတယ်
"ချစ်တာကွာ"
ချစ်စိတ်တွေယိုဖိတ်လာတော့ မနေနိုင်မထိုင်နိုင် ပါးလေးကိုအသာညစ်လိုက်ကာ ကလေးမြူသလိုမြူပစ်လိုက်တယ်
"ကိုကို ဝယ်ပေးနော်"
"ဝယ်ပေးမှာပေါ့"
"ဟီး ရော့ ကိုကိုရောတပ်"
"ဟင် ကိုကိုက မတပ်ဘူးလေ"
ဆင်တူသမင်ဂျိုလေးကို ပူတူးကမ်းပေးလာတော့ အသည်းအသန်ငြင်းမိတယ်
ပူတူးနဲ့သာ အဲ့ဂျိုကချစ်ဖို့ကောင်းတာ သူ့ခေါင်းပေါ်ကို ပြေးမြင်ကြည့်တော့ ဘုရား ဘုရား အရပ်ကြီးဂလန်ကလားနဲ့ ဆရာဆိုတဲ့ဂုဏ်နဲ့အညီသပ်သပ်ရပ်ရပ်ဝတ်ထားတာ အဲ့ဒါနဲ့ ခေါင်းပေါ်က ဂျိုနဲ့ အမလေး မဖြစ်ပေ မတော်လို့ အသိတစ်ယောက်ယောက်နဲ့ တွေ့ခဲ့ရင် တစ်သက်လုံးထိန်းသိမ်းခဲ့တဲ့ cool guy imageပျက်ရုံတင်မက အဖတ်ပင်ဆယ်လို့မရမှာ အသေချာ