Chanyeolတစ်ယောက် လူကသာ စာရှင်းနေရပေမဲ့ မျက်လုံးက ပူတူးဆီရောက်နေလေသည်
ရောက်ဆို ပူတူးတစ်ယောက် သူမမြင်ဘူးအထင်နဲ့ ငိုက်နေသောကြောင့်ပါ
ငိုက်ရတယ်ဆိုတော့ သူသင်နေသည့်ဘာသာက သမိုင်းလားဆိုတော့လည်း မဟုတ် ကိုရီးယားစာပေဆိုတော့လည်း မဟုတ် ယခုခေတ်တွင် အရေးပေးပြီး သင်တန်းတွေတောင် ဖွင့်လှစ်ထားသော အင်္ဂလိပ်စာပင်
နေ့လည်စာစားပြီးတဲ့အချိန်ဖြစ်လို့လားဆိုတော့လည်း တစ်တန်းလုံးစိတ်ဝင်တစားနားထောင်နေကြလေသည် ပူတူးတစ်ယောက်တည်း နောက်တန်းမရောက်တရောက်မှာ ဒေါင်ချာဆိုင်းအောင်ငိုက်နေလေရဲ့
မဖြစ်တော့ပေ တော်ကြာ အငိုက်လွန်ပြီး ထိုင်ခုံပေါ်ကပြုတ်ကျမှ တစ်တန်းလုံးဝိုင်းရယ်ခံနေရလိမ့်မယ်
မြေဖြူတစ်ချောင်းကိုင်ကာ text bookပါကိုင်ပြီး အတန်းထဲလှည့်ရင်းစာရှင်းရတော့သည်
ဒေါက်
ပူတူးနားရောက်တော့ လက်ထဲက မြေဖြူကို ပူတူးခုံပေါ်ပေါက်လိုက်တော့ ကိုယ်လေးတုန်ပြီးမော့ကြည့်လာလေရဲ့
စာသေချာကြည့်မငိုက်နဲ့ ဆိုပြီး အကြည့်နဲ့သတိပေးတော့ ရယ်ပြလာလေရဲ့
နောက်ပိုင်းတော့ စာသေချာလိုက်ကြည့်နေတာနဲ့ သူလည်း စာထဲအာရုံစိုက်ကာ ဆက်ရှင်းလိုက်တော့တယ်
"ကဲ ဒီနေ့ lectureကတော့ပြီးပြီ နားလည်ကြရဲ့လား"
"နားလည်ပါတယ်"
အံမယ် အားရပါးရငိုက်ပြီး ပြီးခါနီးလောက်မှ နားထောင်တဲ့ ပူတူးက နားလည်ပါတယ်ဆိုပြီး ကုန်းအော်နေလေရဲ့
စာကောက်မေးလိုက်မှ ငိုနေရဦးမယ် ပူတူးစုတ်
"အင်း ကိုယ့်ဘာသာကိုယ်ဖတ်ကြည့်လို့ နားမလည်ဘူးဆိုရင် ဆရာ့ကိုအချိန်မရွေး မေးလို့ရတယ်"
"Sam အချိန်မရွေးဆိုတော့ ကျောင်းပိတ်ရက်တွေဆို အိမ်လာမေးလို့ရလား"