"Papa!"
"နေဦး Baekhyun Paပြောတာမပြီးသေးဘူး"
Papaက သူစကားပြောလျှင် ဖြတ်ပြောတာ လုံးဝမကြိုက်
သူများပြောရင်လည်း အဆုံးထိ အလေးအနက်ထားပြီးနားထောင်သလို သူပြောတာကိုလည်း အလေးအနက်ထားမှကျေနပ်တာ
ပူတူးလက်လေးကို စုပ်ကိုင်လိုက်ကာ Papaပြောတာဆုံးအောင်နားထောင်လိုက်ဆိုပြီး အသာလေးကပ်ပြောမှ ငြိမ်သွားတာပင်
"Paတို့ကမင်းတို့ကိုပြောတယ်ဆိုတာ လက်ခံနိုင်လား လက်မခံနိုင်ဘူးလားဆိုပြီး မင်းတို့သဘောတွေကိုမေးတာမဟုတ်ဘူး ဒါက အသိပေးတာ မင်းတို့လက်ခံရင်တော့ ပြောစရာမရှိတော့ဘူးပေါ့ အေး လက်မခံနိုင်ဘူးဆိုလည်း Paတို့မိဘတွေဘက်ကတော့ မဖြစ်မနေစီစဉ်မှာဘဲ"
Papaကမောသွားသလို ရှေ့က ဖျော်ရည်ခွက်ထဲက လိမ္မော်ရည်တွေသောက်တော့ Appaဘက်ကစလာပြန်တယ်
"ပထမကတော့ သားငယ်လေးကျောင်းပြီးမှ စေ့စပ်ပြီးလက်ထပ်ပေးဖို့ စီစဉ်ထားတာ ဒါပေမဲ့ အခုတော့ သားတို့ကို စေ့စပ်ပေးထားချင်တယ် လက်ထပ်တာကတော့ သတ်မှတ်ထားတဲ့အတိုင်း သားငယ် တက္ကသိုလ်မတက်ခင်ပေါ့"
"မားတို့ စေ့စပ်ပွဲကို နောက်ပိတ်ရက် တနင်္ဂနွေလို့ ရွေးထားတယ် hotelရော suitတွေရော အကုန်စီစဉ်ပြီးသွားပြီ ၀တ်စုံတွေကဗုဒ္ဓဟူးနေ့ရမယ်တဲ့ အစမ်းသွားဝတ်ကြည့်လိုက်ကြ ညနေပိုင်းကျောင်းဆင်းရင်"
"စေ့စပ်ပွဲကို သူများတွေမဖိတ်တော့ဘူး မိသားစုဘဲလုပ်မယ်လေ မဟုတ်ရင် သားတို့ကျောင်းမှာ အဆင်မပြေဖြစ်နေမှာ"
"စေ့စပ်လက်စွပ်တော့ မနက်ဖြန် Tempo Jewelryမှာ သွားရွေးလိုက် Paဖုန်းဆက်ပြီးသား"
ကျက်ထားတာလားလို့ထင်ရလောက်အောင်ပင် နှစ်ဖက်မိဘများမှာ အလှည့်ကျ တစ်ယောက်ပြီးတစ်ယောက် တရစပ် ပြောနေတော့ ကာယကံရှင် နှစ်ယောက်မှာ ပါးစပ်အဟောင်းသားနဲ့