"ကိုကို အိပ်ချင်ပြီ"
ပူတူးဆီမှာ အိပ်မယ်လို့ ommaဆီဖုန်းဆက်ပြီး ပူတူးစာလုပ်လို့ရအောင် အောက်ထပ်ဆင်းပြီး Papaတို့နဲ့ ရောက်တတ်ရာရာ ပြောလိုက်တာ ပူတူးလာခေါ်မှ ၁၁ထိုးခါနီးမှန်းသိတာ
ပူတူးကတော့ မပွင့်တော့တဲ့မျက်လုံးလေးတွေကို လက်ကလေးတွေနဲ့ပွတ်ကာ တဝါးဝါးသန်းနေလေရဲ့
"အင်း အိပ်မယ်လေ Papaနဲ့မား အိပ်တော့မယ်နော်"
"အေးအေး"
ကျွန်တော် နှုတ်ဆက်ပြီး ပူတူးကိုမော့ကြည့်လိုက်တော့ ဆိုဖာကိုမှီပြီး အိပ်ပျော်နေလေရဲ့
ဒီလောက်အိပ်ချင်နေတာကို အောက်ထပ်ထိရောက်အောင် ဘယ်လိုဆင်းခဲ့ပါလိမ့်
ဖွဖွ မပြောကောင်းမဆိုကောင်း ငိုက်ပြီးလှေကားပေါ်ကပြုတ်ကျမှ ဒီကလူရင်ကျိုးမှာ
"ပူတူးရေ ထထ ကိုကိုတို့ အိပ်ခန်းထဲသွားအိပ်ရအောင်"
"အင်း အင်း"
လက်ကလေးကိုလှုပ်ပြီးနိုးတော့ တအင်းအင်းညည်းကာ ပြန်အိပ်သွားပြန်ပြီ
"Papa ပူတူးကို ကျွန်တော်ကျောပိုးသွားလိုက်မယ် ကျောပေါ်တင်ပေး"
အိပ်ချင်တာတွေဘဲကြီးစိုးနေတာကြောင့် အသိစိတ်မရှိတော့တဲ့ပူတူးကို တစ်ယောက်တည်းကျောပိုးဖို့မတတ်နိုင်တော့ Papaကို အကူအညီတောင်းရတဲ့အဖြစ်
"ငိုလိုက်ရ စာကျက်ရနဲ့ သားလေးပင်ပန်းသွားရှာပြီ"
"တောင်းပန်ပါတယ် မား"
ကျောပေါ်ရောက်လာတဲ့ ပူတူးကို ခေါင်းလေးသပ်ပေးရင်း ရေရွတ်လာတဲ့စကားကို မျက်နှာပူစွာတောင်းပန်မိတယ်
ဟုတ်တယ်လေ ငိုရတာရော စာကျက်ရတာရော အကုန် ကျွန်တော့်ကြောင့်ဘဲကို
"သားကြောင့်မဟုတ်ပါဘူး မားကဒီတိုင်းပြောလိုက်တာပါ"