"Baek oppa ဟိုဟာစီးရအောင်"
"Baek hyung ရိုလာကိုစတာ စီးရအောင်"
"Baek oppa ဟိုမှာ ကာတွန်းရထားကြီး"
"Hyung ပင်လယ်ဓားမြစီးရအောင်"
ကစားကွင်းထဲခြေချလိုက်ကတည်းက မြင်မြင်သမျှလက်ညှိုးထိုးနေတဲ့ အမွှာနှစ်ယောက်
ပူတူးကတော့ သူ့ညီလေးနဲ့ညီမလေးပြောသမျှကို အကိုကြီးပီသစွာနှင့် ဦးဆောင်ဆော့နေရှာတယ်😊
Park Chanyeolလေးမှာတော့ သူတို့လက်ညှိုးညွှန်တဲ့ ကစားစရာမှန်သမျှ၏ လက်မှတ်များကို တိုးဝှေ့ဝယ်နေရတဲ့အဖြစ်
"အရမ်းချစ်တာဘဲလား"
"ဗျာ"
ပူတူးတို့ ကစားနေတာကိုစောင့်နေတုန်း စကားစလာတဲ့တီလေး
"Baekလေးကို အရမ်းချစ်တာလားလို့"
"ဟုတ်"
အဒေါ်ဖြစ်သူဆီမှာ တူဖြစ်သူကိုချစ်ကြောင်းဝန်ခံရသည်မှာ အနည်းငယ်တော့ အောင့်သက်သက်နိုင်သည်လေ
"ဘယ်ကနေဘယ်လိုဖြစ်ပြီး ချစ်သွားတာလဲ"
"အင်း အဲ့လိုမေးရင် မွေးကတည်းကလို့ပြောရမှာဘဲ ဟီး"
"အမလေးဟဲ့"
"အပိုတွေမဟုတ်ပါဘူးတီလေးရယ် တကယ်ပြောတာ အငယ်လိုချင်ခဲ့သူပီပီ ပူတူးကိုမွေးကတည်းကချစ်ခဲ့ရတာပေါ့ တဖြည်းဖြည်းနဲ့ ပူတူးအပြင်သွားရင်လည်း စိုးရိမ်လို့နောက်ကလိုက်ရ Kyungsooနဲ့Xiuminတို့ စုံတွဲကလွဲရင် ပူတူးကိုစိတ်မချရ အနားမှာမရှိရင် တစ်ခုခုဖြစ်နေပြီလားဆိုပြီး ထိုင်မရထမရနဲ့ ၅၂၈ကနေ ၁၅၀၀ကို ကူးပြောင်းသွားတာဘဲ တီလေးရေ ကျွန်တော်ပူတူးကိုချစ်တယ်ဆိုတာထက် မြတ်နိုးတယ်တီလေး ပူတူးပြုံးနေတာလေးကိုချစ်တယ် အမြဲပြုံးစေချင်တယ်တီလေး ပူတူးရဲ့အပြုံးတွေကိုဖန်တီးပေးတဲ့သူက ကျွန်တော်ဖြစ်ချင်ပေမဲ့ အကယ်၍ကျွန်တော်မဟုတ်ခဲ့ဘူးဆိုရင် ပူတူးကိုအမြဲပျော်ရွှင်အောင်ထားပေးနိုင်မယ်ဆိုရင် ကျွန်တော်နောက်ဆုတ်ပေးမှာပါတီလေး"