"သားငယ် ညစာ~~"
Taoတစ်ယောက် Chanyeolတို့အိမ်ကနေ မျက်နှာလေးငယ်ပြီးပြန်လာပြီးကတည်းက အပေါ်ထပ်ကနေဆင်းမလာတော့တဲ့ သားတော်မောင်ကို ညစာစားဖို့ သွားခေါ်ရှာသည်
တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် စကားတောင်ဆက်မပြောနိုင်တဲ့အဖြစ်
သူမရဲ့သားငယ်လေး စာကျက်နေတယ်တဲ့
အကြမ်းစာအုပ်ဘေးချကာ စာကျက်လိုက် ချရေးလိုက်လုပ်နေတဲ့ သားငယ်ကို အံ့သြတကြီးငေးကြည့်နေမိသည်
ခါတိုင်းစာမလုပ်လို့သူ့Papaကဆူဆဲလိုက်ရင် နှုတ်ခမ်းထော်ကာ အခန်းထဲဝင်သွားလို့ သွားကြည့်ရင်လည်း စာလုပ်ဖို့နေနေသာသာ ကုတင်ပေါ်တွင် ကုလားသေကုလားမောအိပ်ပျော်နေတာကိုသာ တွေ့ရတတ်ပေမဲ့ ယခုစာထဲတွင်အာရုံရောက်နေကာ သူမအခန်းထဲရောက်နေသည်ကိုပင် မသိသည့်ပုံ
ဪ Chanyeolရဲ့ပါဝါသည် တော်တော်လေးကြီးမားသည်
သူ့ကိုကိုစိတ်တိုပြီးရိုက်သွားတာနဲ့ စာတွေကုန်းလုပ်နေတယ်
"ဟင် မား"
ဘယ်လောက်ထိ ငေးကြည့်နေမိလဲမသိ သားငယ်ရဲ့ခေါ်သံကြားမှ အသိဝင်တဲ့အဖြစ်
"ဪ အေး ညစာစားဖို့လာခေါ်တာ"
"Nae ဆင်းခဲ့မယ်မား"
"အေးအေး"
သားငယ်ကိုခေါင်းတစ်ချက်ငြိမ့်ပြကာ အောက်ထပ်ဆင်းပြီး အခန်းထဲမှာ စာဖတ်နေတဲ့ လူကြီးကိုတအံ့တသြ ပြန်ပြောမိသည်
လူကြီးက သူ့သားလေးရဲ့ပြောင်းလဲမှုကို ဂုဏ်ယူစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးတော့သည်
သို့သော် မိဘနှစ်ပါးမသိသည်က ဤသည်ကားသူ့ကိုကိုစိတ်ဆိုးပြေတာနဲ့ချက်ချင်းပျောက်ကွယ်သွားမည်ဆိုတာပင်😂
လူကြီးကနဂိုကတည်းက ထမင်းစားရင်းစကားပြောတာကိုမကြိုက်တဲ့အပြင် နေ့ခင်းကဖြစ်ခဲ့တာတွေကြောင့် အနည်းငယ်အေးတိအေးစက်နိုင်လေသည်