STIGMA (3)

6.4K 589 11
                                    


After 2years later...

မီး​ရောင်​စုံများနှင့်​  သီချင်းသံများဆူညံ​နေ​သော
Clubတစ်​ခုတွင်​ လူ​ပေါင်းစုံ ကခုန်​​ပျော်​မြူး​နေကြသည်​။
ထိုအထဲတွင်​ Victoryဆို​သောလူသား အပါအ၀င်​ဖြစ်​သည်
အရပ်​ရှည်​ပြီး ပိန်​ပိန်​သွယ်​သွယ်​ ခန္တာကိုယ်​နှင့်​ ​ရွှေအို​ရောင်​ဆံပင်​က သူ၏ ​ချော​မောမှုကို ပို၍ ​ပေါ်လွင်​​စေသည်​။
နာရီဝက်​​လောက်​ ကပြီး​တော့ ​မောလာသဖြင့်​ သူ၏ သူငယ်​ချင်းများ ရှိ​နေသည့်​ဝိုင်းသို့ ၀င်​ထိုင်​လိုက်​သည်​။

'' Hey V.. မင်းclubတက်​ပြီး​တော့
မ​သောက်​တတ်​တာက မမိုက်​ဘူးကွာ ''

ကျွန်​​တော့်​ကို သူငယ်​ချင်း​တွေက Vလို့ပဲ​ခေါ်ကြတယ်
သူ​ပြောသလိုပဲ ကျွန်​​တော်​မ​သောက်​တတ်​ပါဘူး။
Club ကို လန်းဆန်း​အောင်​လာကတာ
ကျွန်​​တော်​ကသားလိမ္မာ​လေးဗျ ။

'' ဘာဖြစ်​လဲကွာ ငါမှမကြိုက်​တာ ပြီး​တော့ ​နောက်​​နေ့ ငါ့ကို​တွေ့ချင်​ရင်​​တောင်​ မင်းမ​တွေ့ရ​တော့ဘူး ''

'' ဘာဖြစ်လို့လဲ??  ''

'' ​ Dad က company ခွဲကို korea မှာ
ဖွင့်​မလို့တဲ့ ငါအဲ့မှာ uniဆက်​တက်​ပြီး ဘွဲ့ရတာနဲ့
အဲ့ company ကို ငါ့ကို ဦးစီးခိုင်းမယ်​လို့​ပြောတယ်​ ''

'' What !! ငါ​တော့မင်းကို လွမ်း​နေ​တော့မှာပဲ Vရာ ''

'' ​သောက်​​ပို​တွေ​ပြောမ​နေနဲ့ ငါမရှိမှ ​စော်​​တွေ
မင်းနားကပ်​မှာမို့လို့မလား ''

'' Hee မဟုတ်​ပါဘူး ''

'' မင်းအ​ကြောင်း ငါမသိရင်​ခက်​မယ်​ ဟုတ်​တယ်​မလား
Baby ''

ဘေးနားမှ စော်လေးအား ခါးလှမ်းဖက်​လိုက်​ရင်း ​ပြောလိုက်သည်​။

'' Babyက​တော့ လွမ်း​နေ​တော့မှာပဲကွာ ''

ချွဲပစ်​​နေ​သောအသံဖြင့်​ ပြောလာသော ထိုမဒီ။

မသိရင်​ခက်​မယ်​ ငါ့ပိုက်​ဆံ​တွေကို ​မျှော်​​နေမှာများ
တတ်​လည်းတတ်​နိုင်​တဲ့ မိန်းမတွေ။

'' သားရီး ငါပြန်​ပြီကွာ ''

ထို​နေရာတွင်​ ဆက်​မ​နေချင်​​တော့၍ Henryအား
နှုတ်​ဆက်​ကာ ထွက်​လာခဲ့သည်​။

STIGMA Hikayelerin yaşadığı yer. Şimdi keşfedin