V တစ်ယောက် အရှက်လွန်ပြီး ကျောင်းမသွားဘဲ
အိမ်တွင်းအောင်းနေသည်မှာ
တစ်ပတ်ကျော်ခန့်ရှိနေပြီ
သွားရင် Jung kookနဲ့တွေ့ရမည်ကို
ကြောက်တာက တစ်ကြောင်း
ကျောင်းကလူတွေ၀ိုင်းစတာ ခံရမည်ကို
စိုးတာကတစ်ကြောင်းဖြင့်
မသွားဘဲနေရာ ဒီနေ့တော့မသွားလို့မဖြစ်တော့
ကျောင်းကတိုင်စာရောက်လာတော့မည်ကျောင်း၀င်းအတွင်းသို့ စ၀င်ကတည်းက
သူခိုးမျက်လုံးဖြင့် တောင်ကြည့်မြောက်ကြည့်
ဦးထုပ်အဖြူရောင်ကို ခပ်ငိုက်ငိုက်ဆောင်းက
ကုတ်ချောင်းချောင်းဖြင့် ၀င်လာသည်
အရှေ့သို့မကြည့်ဘဲ သွားနေသဖြင့်
အရှေ့က မာသောအရာတစ်ကို
ခေါင်းဖြင့်ဆောင့်မိသောကြောင့်
မော့ကြည့်လိုက်သည့်အချိန်မှ တိုက်မိတာ
Jung kookရင်ဘတ်ကြီးမှန်းသိလိုက်သဖြင့်
လှည့်ပြေးမည်ဟု ကြံကာရှိသေး
Jung kookက သူ့ရင်ခွင်ထဲသွင်းကာ
အတင်းဖတ်ထားလေသည်'' babyရာ ကိုယ်တော့ လွမ်းလွန်းလို့ ရူးတော့မှာပဲ
ဘာလို့ကိုယ့်ကို အဆက်အသွယ်မလုပ်တာလဲ
ကျောင်းလဲမလာဘူး ''သူ့ကိုပြောခွင့်မပေးဘဲ တရစပ်ပြောနေသည့်
Jung kookကြောင့် သူစိတ်ညစ်လာသည်'' ဟို..ဟိုလေ Jung kook ငါ့ကို ခဏလွှတ်ပါဦး ''
ထိုအခါမှ လွှတ်ပေးလိုက်သည် သို့သော်
ထိုကိုယ်တော်က လက်ကို ကိုင်ထားပြန်သည်'' ကိုယ်မေးတာကိုဖြေတော့ ''
'' ငါရှက်လို့ ''
သူ့က်ို မော့မကြည့်ဘဲ ပြောလိုက်သည်။
'' baby ကိုယ့်အချစ်ကို စော်ကားတာလား
ရတယ်လေ babyက်ိုယ့်ကို တကယ်မချစ်ဘူး
ဆိုတော့ ကိုယ်အသက်ရှင်ပြီး ဘာလုပ်ရမှာလဲ
baby နေကောင်းအောင်နေပါ ''သူ့လက်ကို လွှတ်ချပြီးနောက် ခြေလှမ်းကျဲကြီးဖြင့်
ထွက်သွားသည်။ သူပြောသွားသော
စကားကြောင့် Vစိတ်ပူပြီး အနောက်ကနေပြေးလိုက်သွားသည် Jung kookက ခြေတံရှည်တာကြောင့်
မျက်ခြေပျက်သွားသဖြင့် တွေ့သည့်လူကို မေးလိုက်သည်'' Jung kook ကိုသိလား ''
ထိုလူကခေါင်းငြိမ့်ပြသည်
YOU ARE READING
STIGMA
Fanfiction'' May be I know , somewhere Deep in my soul, that love Never lasts. " And we've got to find Other ways to make it Alone .''