(8)

1.7K 150 5
                                    

Jeon Jung kook မသာ​ကောင်​!
လူကိုလာကြိုလိုက်​.. မလာကြိုလိုက်​နဲ့
အခု​တော့ ငါ​လေး​ကျောင်​းကို busနဲ့လာခဲ့ရတယ်​
​ကျောင်​းမှာ​တွေ့လို့က​တော့ လက်​သီး​မြည်​းခိုင်​းရမယ်​!

Tae Hyung တစ်​​ယောက်​ ဆူပုပ်​ပုပ်​ဖြင်​့ ပါးစပ်​မှ ပွစိပွစိရွတ်​ရင်​း လမ်​းကိုမကြည်​့ဘဲ ​ခေါင်​းကိုငိုက်​ကာ ​​
ကျာင်​း၀န်​းထဲသို့ ​လျှောက်​​လာ​နေသည်​။

ထိုစဉ်​ ​အ​ရှေ့မှ​လျှောက်​လာ​သောသူကိုမမြင်​ပဲ တိုက်​မိပြီး
​မြေကြီး​ပေါ်သို့ ဖင်​ထိုင်​လဲ​ကျလေသည်​။

'' ဒီမှာ ခင်​ဗျားလူတစ်​​ယောက်​လုံးလာ​နေတာမမြင်​ဘူးလား''

​မြေကြီး​ပေါ်မှကုန်​းရုန်​းထ၍ ထိုလူအား ရန်​​တွေ့​လေ​တော့သည်​။

'' ချာတိတ်က၀င်​တိုက်​တာ​လေ ကိုယ်​၀င်​တိုက်​တာမှ
မဟုတ်​တာ ချာတိတ်ရဲ့ ''

ထိုခပ်ချောချော လူကြီးက သူ့ကို အေးအေးဆေးဆေး
လေသံလေးနဲ့သာ တုန့်ပြန်သည်။

''ခင်​ဗျားက လည်​း ကျွန်​​တော်​လာ​နေတာကိုမြင်​ရင်​လည်​း
ဖယ်​​ပေး​ပေါ့ဗျ ဘာလို့ ရပ်​​နေတာလဲ ''

''ဟုတ်​ပါပြီဗျာ ကိုယ်​မှားတာပါ ကျေနပ်ပြီလား ချာတိတ်''

ထိုလူက သဘောမဆိုးတာမို့ Tae Hyung
စိတ်လျှော့လိုက်ပြီး အကျႌက ဖုန်တွေကို ခါထုတ်လိုက်သည်။

''အဟင်​း ဒါနဲ့ ခင်​ဗျားက ဘယ်နှစ်ကလဲ?
နောက်ဆုံးနှစ်ကပဲ ဖြစ်မယ်ထင်တယ် ပုံစံကနည်းနည်း.."

''ကိုယ်​ကဒီ​ကျောင်​းမှာ
Share ၀င်​ထားတာ​ ချာတိတ်ရဲ့ အသက်ကြီးနေပါပြီ
ချာတိတ်ပြောမှ ကိုယ်မြှောက်တက်တော့မှာပဲ "

Tae Hyung အနည်းငယ်တော့ အံ့သြ သွားမိတာမို့
ခေါင်းတငြိမ့်ငြိမ့်လုပ်နေလိုက်သည်။ ဒါကြောင့်မို့ ထိုလူကြီးက
ကျောင်းနဲ့ သိပ်မအပ်စက်တဲ့ပုံစံပေါက်နေတာပင်။

''ခင်​ဗျားနာမည်​က? ''

စီးပွားရေးသမားဆိုတာမို့ ရင်းနှီးမှုယူထားတာ
ကောင်းသည်ဟု ထင်မိတာကြောင့် အခွင့်အရေးရတုန်း
မိတ်ဆက်ထားသင့်သည်ဟုထင်သည်..။

STIGMA Where stories live. Discover now