Jeon Jung kook တစ်ယောက် ဒီနေ့တော့
စောစောစီးစီး နိုးနေသည်။
ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် Hair spray
အနည်းငယ်ဖြန်း..ရေမွှေးလေးဆွတ်။ အနည်းငယ် များသွားတာမို့ မွှန်တက်လာသည့် အနံ့က အသက်ရှူကြပ်လုမတတ်ပင်..။အချိန်အနည်းငယ် ကြာပြီးနောက်
ကားသော့လေးတရမ်းရမ်းနဲ့ အိမ်အပေါ်ထပ်မှဆင်းလာသည်။
ဒီနေ့ သူ့ Baby လေးကို အိမ်တိုင်ရာရောက် သွားခေါ်ပြီး
ကျောင်းအတူတူသွားကြဖို့ပင်။ ပိုက်ဆံသုံးပြီး စုံစမ်းထားရတဲ့
အကျိုးဆက်က ထူးကိုထူးရမှဖြစ်မည်။တစ်လမ်းပြီးတစ်လမ်းကျော်လာပြီးနောက်..
တွေ့ပါပြီ။ Baby လေးရဲ့အိမ်...
ဟွန်းနှစ်ချက်လောက်တီးလိုက်တော့
ုခြံစောင့်ဦးလေးကြီးတစ်ယောက် ထွက်လာသည်။'' ဘယ်သူနဲ့တွေ့ချင်လို့လဲ ''
'' V ဆီလာတာ သူရှိတယ်မလား သူ့သူငယ်ချင်းပါ ''
နာမည်ပြောလိုက်မှ တံခါးဖွင့်ပေးသည်။ ဒါတောင်
မယုံသင်္ကာအကြည့်တွေနဲ့ ကြည့်နေတုန်း။
V နဲ့ယူတော့မှ အဲ့ဦးလေးကြီးကို အလုပ်ထုတ်ပစ်မည်ဟုပင်
တေးပစ်လိုက်သေးသည်။ ဒါပေမယ့်..
ယူပြီးရင် နှစ်ယောက်တစ်ကမ်ဘာတည်ဆောက်ကြမှာ
ဆိုတော့.. ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ ရှိလာမည်
မဟုတ်ပါလား။Jung kookတစ်ယောက် သူ့အတွေးကမ်ဘာထဲ
ပျော်မြူးနေလေသည်။'' ဒီက အဒေါ်.. Vကော ''
အိမ်ထဲကမှာတွေ့တဲ့ အဒေါ်ကြီးကို မေးမိလိုက်သည်။
'' သခင်လေးကမထသေးဘူးကွဲ့ ''
တော်တော်အိပ်ပုပ်တဲ့Baby လေး..
'' ရတယ်ရတယ် ကျွန်တော်သွားနှိုးလိုက်မယ်
သူ့အခန်းကဘယ်မှာလဲ အဒေါ်? "" အပေါ်ထပ်မှာပါ အဒေါ်လိုက်ပြပေးမယ်လေ ''
အဒေါ်ကြီးပြောတာပင် မစောင့်နိုင်တော့ပဲ
အနှီ Jeon Jung kook တစ်ယောက် ရင်ခုန်စွာ
အပြေးတက်သွားခဲ့လေရဲ့..။ပထမဆုံးတွေ့တဲ့အခန်းကိုဖွင့်ကြည့်တော့ မည်သူမှမရှိ။

ВЫ ЧИТАЕТЕ
STIGMA
Фанфик'' May be I know , somewhere Deep in my soul, that love Never lasts. " And we've got to find Other ways to make it Alone .''