V ' s pov,ဒီနေ့ကျောင်းတက်ရတာ အတော်လေးအဆင်ပြေသည်။
တော်တော်များများက ဖော်ရွေကြပြီးတော့
Sam မိတ်ဆက်ပေးပြီးတဲ့အခါ
မိန်းကလေးအုပ်စုက ၀ိုင်းအုံပြီးဖုန်းနံပါတ်တောင်းနေကြတာမို့ကျွန်တော်မနည်းတိုးထွက်ပြီး ထွက်ပြေးခဲ့ရသည်။ထိုင်ဖို့နေရာရှာတော့..
နောက်ဆုံးနားလေးက လူတစ်ယောက်။ မျက်စိထဲမှာ
သူတော်တော်လေးကို
တောက်ပနေပြီး စိတ်ကလည်း သူ့ကိုရင်းနှီးသလိုခံစားနေရာတာကြောင့်..
သူ့နားသွားထိုင်ဖို့ ဆုံးဖြတ်လိုက်မိသည်။
သူတစ်ယောက်ထဲတော့မဟုတ်ဘူး
ဘေးနားမှာ သူ့ သူငယ်ချင်းတစ်ယောက်ရှိနေသည်။''ကျွန်တော်ဒီမှာထိုင်မယ်နော် ''
သူ့ကိုပြောတော့ ရုပ်တည်ကြီးနဲ့ ခေါင်းငြိမ့်ပြသည်။
သူ့ဘေးနားကတစ်ယောက်က Jiminတဲ့။
ပါးဖောင်းဖောင်းလေးနဲ့ ပုပုလုံးလုံးလေး
တကယ်ချစ်စရာကောင်းတာ...
သူငယ်ချင်းလုပ်လို့ရမလားလို့မေးတော့
Jung kookက မရဘူးတဲ့။အစကတော့
ဒီကောင် တော်တော်ကြီးကျယ်တာပဲလို့ တွေးလိုက်မိသည်။
နောက်တော့မှ ပြောလာတဲ့စကားက
'ကိုယ်ကချစ်သူတွေပဲဖြစ်ချင်တာ ' တဲ့
သေလိုက်ပါတော့...
ကျွန်တော့်ကိုလာလာချင်း ရည်းစားစကားပြောရတယ်လို့..
တော်တော်ထူးဆန်းတဲ့လူ..!-----------------------------------------------------------
Jeon Jung kook တစ်ယောက်
အတန်းချိန်တစ်ချိန်လုံး Tae Hyung
တစ်ယောက်ကိုသာ...
ထိုင်ကြည့်နေသည်။ မေးထောက်ပြီးကြည့်လိုက် ခုံပေါ်အိပ်ပြီးကြည့်လိုက်နှင့် အလုပ်ရှုပ်နေလေတော့သည်။
Tae Hyung မှာလည်း စာပေါ်အာရုံမရတော့ပေ။
ဘေးက လူက တစ်ချိန်လုံး..
ထိုင်ကြည့်နေတာကြောင့် နေရခက်နေလေသည်။
အတန်းချိန်ပြီးသွားမှသာ Jung kookကို
တိုက်ရိုက်မေးလိုက်သည်။'' Jeon Jung kook ssi..!!
ကျွန်တော့်ကိုတစ်ချိန်လုံး ထိုင်ကြည့်နေတာ
ကျွန်တော့မျက်နှာမှာ ပန်းပွင့်နေလို့လား ''

ВЫ ЧИТАЕТЕ
STIGMA
Фанфик'' May be I know , somewhere Deep in my soul, that love Never lasts. " And we've got to find Other ways to make it Alone .''