လောကကြီးမှာ ....
အချစ်ရှိရင် ဘာမဆိုပြည့်စုံတယ်တဲ့
တစ်ယောက်နဲ့တစ်ယောက်...
ကြင်နာမှု နွေးထွေးမှု ယုံကြည်မှုတွေနဲ့
ကံကြမ္မာရဲ့စီမံမှုကို တွန်းလှန်ကြတယ်...ကျွန်တော့်အတွက်တော့
ဟာသတစ်ပုဒ်လိုဖြစ်နေခဲ့တယ်။
ဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်လူမရှိဘူး..
၀မ်းနည်းနေတယ့်အချိန် အားပေးမယ့်လူမရှိဘူး...
အရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီး ...
ကာကွယ်ပေးမယ့်လူမရှိဘူး။လောကကြီးက ကျွန်တော့်အတွက် တရားရဲ့လား
ထားပါတော့ ဒါတွေနဲ့ ကျွန်တော်နေသားကျနေခဲ့ပါပြီ~ကျွန်တော့်နာမည်က Kim Tae Hyung
အထက်တန်းကျောင်းသားပေါ့....
ကျွန်တော့်ဆီ.. ကံတရားမလှည့်လာခင်က
ကျွန်တော့်ဘ၀မှာ အရာအားလုံး ပြည့်စုံနေခဲ့တယ်။
နွေးထွေးတဲ့.. သာမန် မိသားစုရှိခဲ့တယ်...တစ်နေ့ အမေ လောကကြီးထဲကထွက်သွားပြီး..
ကျွန်တော်တို့သားအဖကို ချန်ထားခဲ့တယ်။
အဖေလည်း အမေမရှိတဲ့နောက်ပိုင်း...
စိတ်ဓာတ်တွေကျပြီး စီးပွားရေးလည်း.. ကျပ်တည်းလာတယ်နောက်တော့ အဖေ ဆုံးဖြတ်ချက်ချခဲ့တယ်
အဲ့ဒီဆုံးဖြတ်ချက်က... ကျွန်တော့်ကို
ခက်ခဲတယ့်လောကကြီးထဲ တစ်ယောက်ထဲ
ရှင်သန်စေခဲ့တယ်။ကျွန်တော်တို့မိသားစု.. ပိုင်ဆိုင်သမျှတွေရောင်းပြီး
အဖေက နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်။
အဖေချမ်းသာတဲ့တစ်နေ့ ..သားဆီပြန်လာမယ်တဲ့
အဲ့တုန်းက ...ကျွန်တော် အသက် ၁၆နှစ်ပဲရှိသေးတာ
ကျွန်တော်အဖေ့စကားကို ယုံကြည်ခဲ့တယ်။
အခုထိအဖေပြန်လာမယ့် တစ်နေ့ကို
စောင့်နေဆဲပဲ....သုံးနှစ်ရှိခဲ့ပြီ...
အဖေနဲ့တစ်ခါမှ အဆက်အသွယ် မရခဲ့ဘူး။
အိမ်လို့မခေါ်နိုင်တဲ့ ..အခန်းကျဉ်းလေးထဲငှားနေရင်း
အချိန်ပိုင်းအလုပ်တွေနဲ့...
ကျောင်းကို~ ဆင်းဆင်းရဲရဲတက်ရတယ်
သူများတွေနဲ့ လူတန်းစေ့ မနေနိုင် မစားနိုင်ခဲ့ဘူး။

YOU ARE READING
STIGMA
Fanfiction'' May be I know , somewhere Deep in my soul, that love Never lasts. " And we've got to find Other ways to make it Alone .''