ဘာလိုလိုနဲ့ ကျွန်တော် Jeon Jungkook တစ်ယောက်
uni ဒုတိယနှစ်ရောက်ခဲ့ပြီ~
အထက်တန်းတုန်းကထက် အများကြီး ပိုချောလာတာပေါ့ဗျာ
မိန်းကလေးတွေရဲ့အသဲစွဲ...။
ကိုယ့်ကိုယ်ကို မြှောက်ပြောတယ်လို့တော့မထင်နဲ့
ကျွန်တော်က Uniမှာ ...Kingလေ
ရည်းစားရှိလားလာမမေးနဲ့
တစ်ပတ်တစ်ယောက်တွဲတယ်...။ကျွန်တော်အရင်က Homo တွေဆို အသေမုန်းတာ!
အခုတော့ လက်ခံလာတယ်။
အချစ်ပဲလေ ဟုတ်တယ်မလား..?
အားပေးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ကျွန်တော်ကြိုက်ရလောက်တဲ့အထိ ..
ချောတဲ့ကောင်လေးမျိုးမတွေ့ဖူးသေးဘူး။
ရင်ခုန်လောက်အောင်ပြုစားနိုင်တဲ့ တစ်စုံတစ်ယောက်
မရှိသေးဘူး..။ဒါနဲ့ အထက်တန်းတုန်းက ကျွန်တော့်ကို
အသေအကြေ ကြိုက်ခဲ့တဲ့
ကောင်လေးတစ်ယောက်ရှိခဲ့တယ်...။အဲ့တုန်းက ကျွန်တော် Homoကို မုန်းတာကိုး
သူကျွန်တော့်ကိုကြိုက်နေတာကို သိသိချင်း
ဒေါသတွေက အလိပ်လိုက် ထွက်လာတာ
ရက်ရက်စက်စက်ကို ပြောပစ်ပြီး ထိုးမိခဲ့တယ်။ကျွန်တော်က ရက်စက်တတ်တဲ့လူမဟုတ်ပါဘူးဗျာ။
အဲ့နေ့က လုံး၀ အိပ်လို့မရခဲ့ဘူး...
နောက်တော့ ကျွန်တော်အရမ်းလွန်သွားလို့
ပြန်တောင်းပန်မယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။နောက်နေ့ကျောင်းရောက်တော့
သူကျောင်းမလာဘူးတဲ့
သူ့ေရ့ှကလူပြောတာ..ကျွန်တော်သူ့မျက်နှာကိုမမှတ်မိပါဘူး။
Kim Tae Hyungဆိုတဲ့
သူ့နာမည်ပဲ မှတ်မိတာ~
အဲ့နေ့ကစပြီး အခုထိ သူ့ကိုမတွေ့ရတော့ဘူး
ထားပါတော့လေ အတိတ်ကအတိတ်ပဲ။'' Yah! Jeon Jung Kook ''
နာမည်ခေါ်သံကြားလို့လှည့်ကြည့်တော့
ကျွန်တော့သူငယ်ချင်း Park Jimin!သူက တကယ်ချစ်ဖို့ကောင်းတာ
ပုပုလုံးလုံးလေး...
ဒါပေမယ့်သူ့ကို အဲ့လိုသွားမပြောနဲ့
အရမ်းစိတ်ဆိုးတတ်တာ။ ဂျပုတွေက လူပုသလောက်
စိတ်ဆတ်ကြတယ်လေ။
![](https://img.wattpad.com/cover/161311388-288-k148042.jpg)
أنت تقرأ
STIGMA
أدب الهواة'' May be I know , somewhere Deep in my soul, that love Never lasts. " And we've got to find Other ways to make it Alone .''