ကျွန်တော့်နာမည်ခေါ်သံအဆုံးတွင်
ချစ်ရသူထံမှ ပြစ်ဒဏ်အဖြစ် လက်သီးချက်
ဘယ်ဘက်ပါးပေါ် ကျရောက်လာခဲ့သည်။
မည်မျှပြင်းထန်ကြောင်း နှုတ်ခမ်းထောင့်မှ
သွေးစက်အချို့က သက်သေပြနေလေသည်။
သို့သော်လည်း ပါးပေါ်က ဒဏ်ရာထက်
ရင်ထဲမှ ဒဏ်ရာက တစ်စထက်တစ်စ နာကျင်လာသည်။
အားလုံးက ကျွန်တော့်ကို သနားကြည့်နှင့်ကြည့်ကြသလို
အချို့ကလည်း ရွံရှာသည့်ပုံစံဖြင့် ကြည့်နေကြသည်။
'' Kim Tae Hyung ''
သူကျွန်တော့်နာမည်ကို နောက်တစ်ကြိမ်ထက်ခေါ်ခဲ့တယ်။
'' မင်းလို စောက်ခြောက်ကောင်က ငါ့ကိုကြိုက်တယ် ဟုတ်လား မင်းငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့သိက္ခာတွေ အဖတ်ဆယ်မရအောင် အရှက်ခွဲခဲ့တာမလား ပြောလေ ''
မဟုတ်ဘူး Jeon ကျွန်တော်မခြောက်ဘူး။
Jeon Jung Kookဆိုတဲ့ လူသားကိုပဲ
ဖြူစင်တဲ့အချစ်နဲ့ ချစ်ခဲ့တာ အဲ့လောက် အပြစ်ကြီးသွားခဲ့တာလား။
သို့သော်လည်း ထိုစကားလုံးများက အပြင်သို့
ပြောမထွက်လာခဲ့။
'' မဟုတ်ပါဘူး Jeon ငါ...ငါ..''
'' အခြေအမြစ်မရှိတဲ့ အောက်တန်းစားစကားတွေနဲ့
ငါ့ကိုဆင်ခြေလာမပေးနဲ့ မင်းပါးစပ်က ထွက်သမျှ
စကားတိုင်းကို ငါရွံတယ် ''
အောက်တန်းစား တဲ့လား Jeonရယ်
တော်ပါတော့... ငါမခံစားနိုင်တော့လို့ပါ
ထိန်းချုပ်ထားသော ..မျက်ရည်များကလည်း တာကျိုးသလို
အတားအဆီးမရှိ ပါးပြင်ထက်သို့ စီးဆင်းလာခဲ့သဖြင့်
ခေါင်းကိုသာ ငုံ့ထားခဲ့သည်။
'' ငါ့ကိုမျက်ရည်လာခံထိုးပြမနေနဲ့ ငါမသနားတတ်ဘူး
မင်းအခုချက်ချင်းငါ့ရှေ့ကထွက်သွား ငါ့မျက်စ်ိရှေ့ကို
ပေါ်မလာနဲ့ ငါမင်းကို သတ်မိလိမ့်မယ် သွား
အခုချက်ချင်းထွက်သွား ''
YOU ARE READING
STIGMA
Fanfiction'' May be I know , somewhere Deep in my soul, that love Never lasts. " And we've got to find Other ways to make it Alone .''
