(10)

1K 105 1
                                    

လေ့လာရေး သွားမည့်ကျောင်းသားများ
ကျောင်းရှေ့တွင် လူစုနေကြသည်။
လူစုံပြီးနောက် လေ့လာရေးထွက်မည့်ကားလေးမှာ
တငြိမ့်ငြိမ့်နှင့် စတင်ထွက်ခွာလေသည်။

ကျောင်းသားများမှာလည်း ကားထဲတွင်
ပျော်ရွှင်စွာ သီချင်းများအော်ဆိုရင်း
လိုက်ပါလာကြသည်။

ထိုအထဲတွင် မပျော်ရွှင်နိုင်သူမှာ
The whole king ကြီး Jeon Jung kook
အကြောင်းမှာ သူ့babyလေးက
Jung Hoseokဆိုသည့် လူနှင့်
သွားထိုင်နေသောကြောင့်ဖြစ်သည်။
ပုံမှန်စိတ်နှင့်ဆို မရရအောင် သူ့babyကို ဆွဲခေါ်ခဲ့မည်
ဖြစ်သော်လည်း ယခုခရီးစဉ်မှာ
Jung Hoseokစီစဉ်သည်ဖြစ်သောကြောင့်
မကျေနပ်ပေမယ့် ငြိမ်နေခဲ့ရ၏

ကားစီးချိန်ကြာလာသောအခါ
အများစုမှာ အိပ်နေကြသော်လည်း Jung kookမှာ
မအိပ်နိုင် သူ့babyလေး အိပ်နေသည်ကို
ဘေးမှ Jung Hoseokက ဆံပင်ကို
မသိမသာ ခိုးနမ်းလိုက်
သူ့ babyခေါင်းကို သူ့ပုခုံးပေါ်မှီထားလိုက်နှင့်
လုပ်နေသောကြောင့်ပင် ဖြစ်သည်

Jung kookတစ်ယောက်မှာတော့
အနောက်ကနေကြည့်ကား ပါးစောင်ကို လျှာနှင့်ထိုးလိုက်
အရှေ့က ထိုင်ခုံနောက်မှီကို လက်သီးနှင့်ထိုးလိုက်
လုပ်နေရာ ဘေးတွင် အိပ်နေသော Jiminပင်
ခဏခဏ လန့်လန့်နိုးလာ၍
အိပ်ကောင်းမအိပ်ရဖြစ်နေလေသည်

ရုတ်တရက်ဆိုသလို Jung kookအကြံရသွားလေသည်
သူ့အကြံသူတွေးရင်း ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ
ပြုံးရင်း လိုက်ပါလာတော့သည်။

နာရီအနည်းငယ်ကြာပြီးနောက် ထမင်းစားနားကြလေသည်
Vလည်း Hoseokက အတင်းခေါ်သဖြင့်
သူနှင့်သာ ထမင်းစားရလေသည်။

Jung kookကို ကြည့်လိုက်တော့ Jiminနှင့်
ပြုံးပြုံးရွှင်ရွှင်ပင်ထမင်းစားနေသည်။
Vမှာတော့ Jung kook ပုံမှန်စိတ်မဟုတ်သည်ကို
မြင်ပြီး မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေသည်။

'' ကလေး စားလေ တခုခုအဆင်မပြေတာရှိလို့လား ''

'' arr မဟုတ်ပါဘူး စားကောင်းပါတယ် ''

Hoseokအမေးကို ဖြေပြီး Jung kookကို ပြန်ကြည့်လိုက်တော့ ထိုနေရာတွင်မရှိတော့၍ ပတ်၀န်းကျင်
တစ်၀ိုက်ရှာကြည့်မိတော့လည်းမတွေ့

STIGMA Donde viven las historias. Descúbrelo ahora