Part 12 unicodeမဝေးပါရစေနဲ့
Mood pov
P'Arthit လာကတည်းက P'Kong အထဲကို ဝင်သွားတာ ပြန်မထွက်လာတော့ဘူး အဲ့ဒါကြောင့် အိမ်ထဲဝင်ကြည့်လိုက်တော့လည်း မတွေ့ဘူး Uncle Mos ကို မေးကြည့်တော့ နောက်ဘက်ရေကူးကန်မှာတဲ့ အဲဒါနဲ့ ကျွန်မလိုက်ကြည့်တော့ Kongရဲ့ မျက်နှာက အရမ်းပျော်ရွှင်နေတယ် အဲ့ဒါဆို P'Tew တို့ပြောသလိုမျိုး P'Kong က ကျွန်မကို ငြင်းတာ ဒီ P'Arthit ကြောင့်လား ဒီ P'Arthit က ကျွန်မချစ်တဲ့သူ မြတ်နိုးတဲ့သူတွေရဲ့ အချစ်ကို လိုက်ယူနေတာပဲ P'Mick ရဲ့အလိုလိုက်မှု ကိုလည်း အကုန်ရခဲ့သလို လိုချင်တာ ဖြစ်ချင်တာတွေလည်း ရခဲ့တယ် အခုလည်း P'Kong ကိုလည်း အလွှတ်မပေးပါ့လား ဖြူစင်တဲ့ မျက်နှာလေးနဲ့ မုန်းဖို့ကောင်းတဲ့သူ P' Kong အိမ်ထဲပြန်ဝင်သွားတာနဲ့ ကျွန်မ လေညှင်းခံနေတဲ့ P'Arthit ကို နောက်ကနေ တွန်းလိုက်သည် P'Arthit ရေထဲကျသွားတာနဲ့ ကျွန်မပြေးထွက်လာခဲ့သည်
" အား !!! "
" P !!! "
သစ်သီးယူပြီးထွက်လာတာနဲ့ ရေထဲကျနေတဲ့ P ကိုတွေ့တာနဲ့ ချက်ခြင်း ရေထဲဆင်းပြီး ဆယ်လိုက်သည် ကျွန်တော် P ရင်ဘက်ကိုဖိပြီး အသက်ကယ်တော့ ရေတွေအပြင်ထွက်လာပေမဲ့ P သတိမရလာတော့ဘူး
"P ဘာဖြစ်လို့လဲ မြန်မြန်နိုးပါတော့ "
ကျွန်တော်P ကိုပွေ့ပြီး အထဲဝင်လာတော့
" ညီငယ် ဘာဖြစ်တာတုန်း ညီငယ် !!! "
" Arthit !! "
" ကျွန်တော်သစ်သီးယူနေတုန်း ပြန်ထွက်လာတော့ ရေထဲကျနေတာ တွေ့တာပဲ "
"ဆေးရုံ ဆေးရုံသွားမှဖြစ်မယ် မဟုတ်ဘူး အရင် အင်္င်္ကျီ လဲပေးမှဖြစ်မယ် အအေးလုံးဝပတ်လို့မဖြစ်ဘူး "
Uncle Kang အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ကျွန်တော်နဲ့ Uncle Mos အင်္င်္ကျီ လဲပေးနေစဉ် အင်္င်္ကျီ အိပ်ကပ်ထဲက ထွက်ကျလာတဲ့ ချူဆေးဂေါက် အဲ့ဒါဆို P မှာ ... P ရယ် ကျွန်တော်မသိခဲ့ဘူး အဲ့ဒါကြောင့် P ကျွန်တော်ကို အရမ်းမုန်းခဲ့တာကိုး ကျွန်တော်အဝတ်အစားမြန်မြန်လဲပြီး ဆေးရုံအရေးပေါ်ခန်းသို့ ပို့လိုက်သည် ဆရာဝန် Mick Uncle Kang ဖုန်းဆက်ထားလို့ အဆင့်သင့်စောင့်နေလို့တော်သေးသည် သူငယ်ချင်းတွေလည်း မြင်သွားပြီး ကျွန်တော်နောက်က လိုက်ခဲ့ကျသည် ဆရာဝန်ထွက်လာတာနဲ့ Uncle kang က
