Part 13

2.1K 160 1
                                    


Part 13

"ဘယ်လိုဖြစ်ရတာလဲ Kong  "

Tew မေးတာကို ကျွန်တော်ပြန်မဖြေမိ ရေထဲဘယ်လို့ကျသွားတာလည်းပဲ စဉ်းစားနေမိသည် P က ကလေးမှ မဟုတ်တာ သတိလွတ်ရအောင်လည်း

" Kong  !!  "

" ဟင်  "

" မင်းကပါ ဘာဖြစ်သွားတာလဲ  "

" ဘာမှမဖြစ်ဘူး Tew "

" P'Arthit က မင်းနဲ့တွေ့တိုင်း တစ်ခုပြီးတစ်ခုဖြစ်နေတယ် နောက်ဆို မင်းကိုတွေ့ရဲပါ့မလား  "

" Aim မင်းကလည်း Kong စိတ်ညစ်နေပါတယ် ဘာတွေပြောနေတာလဲ  "

" Aim ပြောတာမှန်တယ် Tew ငါက အမြဲတမ်း P ကို ဒုက္ခပေးနေတာ  မရည်ရွယ်ပေမဲ့ P ကို ဒုက္ခရောက်စေတာတော့ အမှန်ပဲ  "

" Kong  ငါက ဒီအတိုင်းပြောလိုက်မိတာပါ  စိတ်ထဲမထားပါနဲ့  ဒီကိစ္စထူးဆန်းတယ်လို့ မမြင်ဖူးလား P'Arthit က ဘာကြောင့် ရေထဲသူအလိုလိုကျသွားရတာလဲ "

" ဟုတ်တယ် Kong ထူးဆန်းတာတော့ အမှန်ပဲ "

" ဘယ်လိုဖြစ်လဲဆိုတာ P နိုးလာရင် သိမှာပဲ မင်းတို့ပြန်တော့  "

" မင်းရောမပြန်ဖူးလား Kong  "

" ငါ စောင့်နေမယ် "

" ညနက်လိမ့်မယ် Kong Pဘေးနားမှာ ဆရာဝန်လည်းရှီတယ် မင်းပြန်နားသင့်ပြီ  "

" ငါကို စိတ်မပူပါနဲ့ မင်းတို့သာပြန်ပါ  "

သူငယ်ချင်းတွေ ပြန်သွားပြီး Uncle က အိမ်အတူပြန်ရအောင်ပြောလည်း ကျွန်တော်မလိုက်ပဲ အပြင်က ဆေးရုံခုံတန်းမှာပဲ တညလုံးစောင့်နေဖို့ ဆုံးဖြတ်လိုက်သည်

Kang pov

အချိန်က ညနှစ်နာရီတောင်ထိုးပြီ ကျွန်တော် စိုးရိမ်စိတ်နဲ့ အိပ်မရသေး Nong Mick ကတော့ ညီလေးနားမှာ တုပ်တုပ်မျှမလှုပ်ထိုင်နေသည်  ကျွန်တော် ကော်ဖီသောက်ရန် အပြင်ထွက်လိုက်တော့ ဆေးရုံခုံတန်းမှာ ငိုက်နေတဲ့ ကလေး

"  ကလေး  ကလေး "

အိပ်ချင်မူးတူးနဲ့ ကျွန်တော်ကိုကြည့်ပြီး 

" Uncle P နိုးလာပြီလားဟင်  "

" ဘာလို့မပြန်သေးတာလဲ ကလေးရယ် လာအခန်းထဲမှာ ကုတင်တစ်လုံးရှီတယ်  တရေးလောက် အိပ်လိုက်  "

မဝေးပါရစေနဲ့Where stories live. Discover now