Part 7

2.2K 177 3
                                    


Part 7  Unicode

မဝေးပါရစေနဲ့

Arthit pov

ကျောင်းဆင်းတော့ ကျွန်တော်ကားမှန်ပေါ်မှာ ပန်းစည်း ကားချင်းများ လွဲနေသလား ပတ်ဝန်းကျင် ပတ်ကြည့်တော့ ဟိုလူရှုတ် ကျွန်တော်လည်း ပန်းစည်းကို လွှတ်ပစ်လိုက်သည်

" ပန်းမှာ ဘာအပြစ်ရှီလို့ မစာမနာ လွှတ်ပစ်လိုက်ရတာလဲ P ရယ် "

" ငါပန်းမကြိုက်ဘူး ပြီးတော့ ပန်းဆိုတာမျိုးက အမျိုးသမီးတွေ မိန်းကလေးတွေကိုပေးရတာ "

" ကိုယ့်သဘောကျ ကြိုက်နှစ်သက်တဲ့ သူကိုလည်း ပေးလို့ရပါတယ် အမျိုးသမီး အမျိုးသား ခွဲခြားစရာမလိုပါဘူး P "

ကျွန်တော်လည်း လူရှုတ်ကို ဘာမှမပြောတော့ပဲ ကားပေါ်တက်လိုက်သည် ဒါတောင် လူရှုတ်က

" ဖြေးဖြေးမောင်းနော် P ကျွန်တော်နောက်က လိုက်ခဲ့မယ် အိမ်လည်ခေါ်မယ် မဟုတ်လား "

"မခေါ်ဘူး မလိုက်လာနဲ့ "

ကားမောင်းထွက်လာပြီး ကျွန်တော် အိမ်ဝန်းထဲ ဝင်တော နောက်ကရပ်တဲ့ကားတစ်စီးပေါ်က ဆင်းလာတဲ့ လူရှုတ်

" မင်း အိမ်ထိလိုက်လာတာလား "

" ကျွန်တော်ပြောတာပဲ အိမ်လိုက်လည်ပါမယ်လို့ "

အိမ်ထဲက P ထွက်လာပြီး

" Mos တူလေး မဟုတ်လား "

"ဟုတ်ကဲ့ P "

" Uncle လိုခေါ်ပါ အသက်ကြီးနေပါပြီ "

" ကျွန်တော်အမြင်အရတော့ အရမ်းနှလို့ P လို ခေါ်တာပါ Uncle လို့ခေါ်စေချင်ရင် Uncle လို့ခေါ်ပါမယ် "

" အရမ်းစကားတက်တာပဲ ထမင်းစားပြီးမှပြန်ရမယ်နော် "

" P! "

"ဟုတ်ကဲ့ Uncle "

P တို့တော့ ဒီလူရှုတ်အပေါ် သဘောကောင်းနေသေးတယ် ကျွန်တော်လည်း အိမ်ပေါ်တက် အခန်းထဲဝင်ပြီး အဝတ်အစား လဲနေလိုက်သည်

ဒေါက် ဒေါက် ဒေါက်

" ဝင်ခဲ့ပါ "

" ထမင်းစားရအောင် ညီငယ် "

" မစားချင်ဘူး "

" စားရအောင် ဧည့်သည်လည်းရှီတယ် ပြီးတော့ Pက ညီငယ်နဲ့ အတူစားချင်တာ "

မဝေးပါရစေနဲ့Onde histórias criam vida. Descubra agora