Part 25မနက်နိုးနိုးခြင်း P ကိုနမ်းလိုက်ပြီး ထမယ့်အလုပ် ကျွန်တော်လက်ကို ဆွဲထားတဲ့ P
" နိုးပြီလား P စောသေးတယ်လေ အိပ်ပါအုန်းလား "
" ဟင့်အင်း "
" P နေရော့ကောင်းရဲ့လား P ကြည့်ရတာ သိပ်မလန်းဘူး ကျွန်တော် P'Mick ကိုခေါ်လိုက်မယ် "
" ဟင့်အင်း မခေါ်ပါနဲ့ ငါ ဘာမှမဖြစ်ပါဘူး မခေါ်ပါနဲ့ "
" အဲ့ဒါဆို ခဏစောင့်နော် ကျွန်တော်ရေနွေးနွေးလေးဆပ်ပေးမယ် P ရေချိုးရအောင်. "
" အင်း "
ကျွန်တော် ရေစပ်ထားတုန်း ရေချိုးလိုက်သည် ရေချိုးပြီး အဝတ်အစားလဲပြီး P ကိုပွေ့ချီလိုက်တော့
" ကလေးလား ငါကို ပွေ့ရအောင် "
" P က ကျွန်တော်ရဲ့ baby လေးလေ အရမ်းချစ်စရာကောင်းလွန်းလို့ ကျွန်တော်ပါးစပ်ထဲမှာပဲ ငုံထားလိုက်ချင်တယ် "
ကျွန်တော်ပါးကို P က လာနမ်းသည် ကျွန်တော် P ကို ရေကန်ထဲထည့်ကာ P ကျောကို ဂျီးတွန်းပေးလိုက်သည်
" Kong ငါမှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုရှီတယ် "
" P က ဘာဖြစ်ချင်တာလဲပြော ကျွန်တော် ဖြည့်ဆည်းပေးမယ် "
" ဘယ်လိုအချိန်အနေမျိုးပဲရောက်ရောက် ဘယ်အသက်အရွယ်ပဲရောက်ရောက် Kong မင်းပျော်ရွှင်
တက်ကြွ နေတာကို ငါမြင်ချင်တယ် ပထမဆုံးနေ့က ငါနဲ့တွေ့သလိုမျိုးပေါ့ ငါဆန္ဒကို ဖြည့်ဆည်းပေးပါလား "" P မပြောပါနဲ့တော့ ကျွန်တော်ဘဝက P မရှီရင် ပျော်ရွှင်မှုဆိုတာမရှီဘူး ကျွန်တော်ဘဝက P ရှီနေမှ ပြည့်စုံမှာ "
"Kong ! "
" မပြောပါနဲ့တော့ P "
ကျွန်တော်အမြင်ဝေးဝါးကာ မောလာသည်
" Kon.....g "
" P မောလို့လား "
ကျွန်တော် P ကို ပွေ့ချီကာ ကုတင်ပေါ်မှာ တင်လိုက်ပြီး ရှုဆေးဂေါက်ကို ပေးလိုက်သည် P ချူပြီး ကျွန်တော်ကို ကြည့်နေသည် ကျွန်တော် P ကို သဘတ်နဲ့ သုတ်ပေးကာ အဝတ်အစား ဝတ်ပေးလိုက်သည်
