Part 6Unicode
Kongpob
ဒီနေ့ခေါင်းနည်းနည်းကိုက်တာနဲ့ အိမ်အစောပြန်လာခဲ့သည် ခြံထဲမှာ ကျွန်တော်ဆီက P'Mick ဝယ်သွားတဲ့ကားကို တွေ့ရသည် P'Mick ကျွန်တော်အိမ်လာတာလား ကျွန်တော် တွေးရင် အိမ်ထဲဝင်လာတာနဲ့ တွေ့လိုက်ရတဲ့ မျက်နှာ ကျွန်တော် အရမ်းပျော်သွားပြီး Uncle နားဝင်ထိုင်လိုက်သည်
" တူလေး ဒီနေစောပါ့လား "
" ဟုတ်ကဲ့ Uncle ...P ကျွန်တော်အိမ်ကို ဘယ်လိုသိပြီးရောက်လာတာလဲ "
" တူလေးက Arthitကို ဘယ်လိုလုပ်သိတာလဲ "
" ကျွန်တော် P နဲ့ သုံးခါတောင်ဆုံဖူးတယ် "
"ဟုတ်လား Arthit "
" ဟုတ်ကဲ့ P 'Mos "
" Uncle နဲ့ Pက ခင်တာလား "
" တူလေး ဒါက အန်ကယ်သူငယ်ချင်း အန်ကယ်Kang ဒါက Kang ညီလေး Arthit "
" အဲ့ဒါဆို Uncle နဲ့ Pက အရမ်းခင်တာပေါ့ "
" အင်း Uncle တို့က ခင်တာကြာလှပြီ "
" ကျွန်တော် နီးရက်နဲ့ဝေးခဲ့တာပဲ Uncle "
ဒီအရှုပ်ထုပ်က P'Mos တူလေးဖြစ်နေပါ့လား ပုံစံက အခုထိပေါကြောင်ကြောင်နဲ့
" P ကျွန်တော်တို့ပြန်ကျရအောင် "
" ညီပဲ Mos အိမ်မှာ ထမင်းစားမှာဆို."
" ဟုတ်သားပဲ Arthit ရယ် ဘာလို့အစောကြီး ပြန်မှာလဲ Kang ဂျပန်က ပြန်လာလို့ ရှားရှားပါးပါးလေးတွေ့ရတာကိုး "
" Pက ဂျပန်ပြန်သွားတော့မှာမှ မဟုတ်တာ အဲ့ဒါကြောင့် P'Mos ကျွန်တော်တို့အိမ်လာလည် အခုပြန်ရအောင် P "
" မပြန်ပါနဲ့ P ထမင်းစားပြီးမှ ပြန်ပါ "
" မစားချင်ဘူး ပြန်ရအောင် P "
တခါတလေ ကျွန်တော်မျက်စောင်း Pက ကလေးဆန်ပြီး ဆိုးပါ့လား
" ပြန်တော့မယ် Mos ညီကပြန်ချင်နေပြီ နောက်မှ အိမ်လာလည်တော့ "
" လာလည်မယ်လို့ ပြောလိုက်လေ Uncle "
" လာလည်မယ် Arthitက P ကို စိတ်မကောင်းအောင် လုပ်တာပဲ ညစာချက်ထားတာကိုး "
