Part 8
Unicode
မဝေးပါရစေနဲ့
ဒေါက်..ဒေါက်..ဒေါက်
" P ကလည်း အိပ်ချိန်ဆို တံခါးမခေါက်ပဲ ဝင်လာနေကျကိုး "
P'Arthit စကားကြောင့် ကျွန်တော်ဝင်လာတော့ အိပ်ရာပေါ်မှာ စာအုပ်ဖတ်နေတဲ့ P
" P "
" မင်း ငါအခန်းကို ဘာလာလုပ်တာလဲ "
" P ထမင်းမစားဖူးလေ အဲ့ဒါကြောင့် နွားနို့ယူလာပေးတာ "
ကျွန်တော် Pလက်ထဲကို နွားနို့ထည့်ပေးလိုက်သည် နွားနို့ကို ယူသောက်နေတဲ့ P နားရပ်ကာ တနေ့ကုန်စာသင်ရလို့ညောင်းနေမှာပဲ ကျွန်တော် P ခြေထောက်ကို ကိုင်လိုက်တော့
" ဘာ ဘာလုပ်တာလဲ လူရှုပ် "
" ဗျာ! လူရှုပ် ဟုတ်လား "
" ဟို .. .ဟို မင်းနာမည်က "
" ကျွန်တော်နာမည်က Kongpobပါ P က ကျွန်တော်ကို ဘာလို့ လူရှုပ်လို့ ခေါ်တာလဲ "
ကျွန်တော်စိတ်ထဲက ခေါ်နေတဲ့ နာမည်ကို ရုတ်တရက် ထွက်သွားပြီး အားနာမိသည်
" ဒါနဲ့ မင်းက ဘာလုပ်ဖို့လဲ "
ကျွန်တော်ခြေထောက်ကို နှိပ်ပေးကာ
" P ညောင်းနေမှာဆိုးလို့ နှိပ်ပေးတာလေ "
" မနှိပ်ပါနဲ့ လူရှုပ် အဲ့ Kong "
" P ကျွန်တော်ကို လူရှုပ်လို့ဘာလို့ခေါ်တာလဲ ကျွန်တော်ကို တစ်ခုခုအထင်လွဲနေတာလား "
" အထင်လွဲရအောင် မင်းနဲ့ငါ ဘာဆိုင်လို့လဲ "
" ဟောဗျာ ! P ရယ် ဒီလိုပြောနေမှတော့ အထင်လွဲနေပါပြီ ပြော ကျွန်တော်ကို ဘာကိုအထင်လွဲတာလဲ "
" လူရှုပ် ... အဲ့ ...Kong ပြန်တော့ ငါအိပ်ချင်နေပြီ "
" အိပ်လေ P ကျွန်တော်နှိပ်ပေးအုန်းမယ် အဲ့ဒါမှ မနက်ဖြန် P ပေါ့ပါးစွာ ကျောင်းကို သွားလို့ရမှာ "
ကျွန်တော်ဘာမှမပြောတော့ပဲ လှဲအိပ်လိုက်ပြီး မျက်စီ မှိတ်ထားလိုက်သည် အရမ်းလည်း အိပ်ချင်တာကြောင့် ပါသည်
