Season 1 episode 1

13.6K 367 5
                                    

သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
Season 1 episode 1

ပူပြင်းလှ​သောအညာ​နွေသည်​ တရှိန်းရှိန်း​လောင်​မြိုက်​​နေသည်​။..။ ရွှေ​ရောင်​တစ်​၀င်းဝင်းဖြင့်
သပ္ပါယ်​လှ​သော ​ရွှေစည်းခုံ​စေတီ​တော်​ကြီးက ​နေ
ရောင်​​အောက်​၀ယ်​ ခန့်​ညားထည်​၀ါ​နေ၏။
ထို​နေ​ရောင်​ကိုအံတုလျက်​ သုမုဒ္ဒရာဝမ်းတစ်​ထွာ
ကိုဖြည့်​တင်းရန်​ လှုပ်​ရှားရုန်းကန်​​နေသူများလည်း
ပျားပန်းခပ်​​နေသည်​။...။
ဘုရား​စောင်းတန်း​လေးတစ်​ခုတွင်​..ဧည့်​လမ်း
ညွှန်​ဟုလည်းမမည်​ ၊ ဘုရားသမိုင်းကိုလည်း ဒိုးခနဲ
ဒေါက်​ခနဲ​ပြောနိုင်​သည့်​ က​လေးတစ်​သိုက်​သည်
ဘုရားဖူးခရီးသွားများ​ဘေးမှ တစ်​စီစီကပ်​လိုက်​​နေ
သည်​။
ငှက်​ပစ်​​တောင်​ဟုအမည်​သညာ​ခေါ်တွင်​သည့်
ဤ တောင်​သည်​ ဧည့်​သည်​​တော်​​တော်​များများ
လာ​ရောက်​ကြ​သော ​နေရာဖြစ်​သည်​။
 ၀င်​​တော့မည်​ဖြစ်​​သော​နေမင်းကြီးသည်​ အခြား
ဒေသ​တွေထက်​ ဤပုဂံ​ဒေသတွင်​ ပို၍အဖိုးတန်​ပါ
သည်​။ တစ်​မိနစ်​​နောက်​ကျလျှင်​ပင်​မမြင်​နိုင်​​သော
နေ၀င်​ဆည်းဆာအလှကို လူ​တွေကခဲရာခဲဆစ်
စောင့်​ဆိုင်း ကြည့်​ရှုကြသည်​။...။

"....မိုးခါး......"

ပုခုံးကိုဆတ်​ခနဲအပုတ်​ခံလိုက်​ရသည်​နှင့်​တစ်
ပြိုင်​နက်​ ရင်းနှီး​နေ​သော ​ခေါ်သံတစ်​ခုက ​နောက်
ကျောမှထွက်​လာသည်​။..။
အသံရှင်​ကဆက်​လက်​၍ ​ ​ခေါင်း​လောင်းအ​သေး
လေးတစ်​ခုကို တချွင်​ချွင်​မည်​​အောင်​လှုပ်​ခတ်​ပြီး နားရွက်​​တွေကိုဆွဲဆိတ်​လိုက်​လျှင်​ မိုးခါး သည်​ ​ဂူ​ပေါက်​၀တွင်​ ဆတ်​ခနဲထိုင်​ချလိုက်​သည်​။...။
မော့ကြည့်​လိုက်​​တော့ ​ခေါင်း​လောင်းပိုင်​ရှင်​က
သူ့ကို ခပ်​​ပြောင်​​ပြောင်​ကြည့်​ပြီး လျှာထုတ်​ပြသည်​။
မိုးခါး တစ်​ချက်​ရယ်​ကာ အဆွဲခံလိုက်​ရ​သော နား
ရွက်​ကိုပွတ်​ပြီး..

"..မင်းကြည့်​ရတာ ကျပ်​မပြည့်​သလိုပဲ..အ​ကောင်​"

"...ဟုတ်​လား...အဲဒါဆို.မင်းက..နှစ်​ပြား
လောက်​ပို​နေတယ်​ထင်​တယ်​...အဲဒီပို​နေတဲ့
နှစ်​ပြားငါ့​ချေးပါလား..ငါကျပ်​ပြည့်​သွား​အောင်​."

သရပါအလွန်Where stories live. Discover now