Season - 2, Episode - 9

1.5K 127 3
                                    

သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၅)
(Season - 2, Episode - 9)
- - - - - - - - - - - - - - - - - - - - - - - - - - - - -


ဆေးရုံကတစ်​​ခေါက်​ပြန်​လာပြီး အိမ်​ကိုဝင်​ဖို့
မုန်​တိုင်းစဉ်းစားလိုက်​သည်​။ အိမ်​ဆိုတာက ညီမ​လေးနဲ့အ​မေ ​နေတဲ့အိမ်​ပါ။
ညက ​ကောင်​​လေးကို ​ဆေးရုံမှာသူပဲ အုပ်​ထိန်း
သူ​နေရာက လက်​မှတ်​ထိုးကာ တင်​​ပေးခဲ့သည်​။...။
ဒီ​နေ့ ညီမ​လေးကို ​ဆေးရုံပို့ရမည်​။
အထူးကုနဲ့​တွေ့ပြီး​သေချာလည်း​ပြောထားပြီးသား
ဖြစ်​သည်​။အခုတ​လော​ဆေးရုံနဲ့အ​ကြောင်းစပ်​​နေ
သည်​။
တက္ကစီကအိမ်​​ရှေ့ရပ်​လိုက်​​တော့ မုန်​တိုင်း ပိုက်
ဆံရှင်းကာ ဆင်းလိုက်​သည်​။
အဲဒီမှာပဲ ထူးဆန်းတာ
တစ်​ခုကိုသွား​တွေ့လိုက်​ပါ၏။
ဒီလိုရပ်​ကွက်​ထဲ​တော်​ရုံလူမစီးနိုင်​သည့်​ကားတစ်
စီး ရပ်ထားသည်​။ သူတို့အိမ်​​ရှေ့ကို ဒီလိုကားလာ
စရာအ​ကြောင်းမရှိ။
မုန်​တိုင်း လက်​ထဲကမုန့်​ထုပ်​ကိုကျစ်​ကျစ်​ပါ
အောင်​ဆုပ်​ကာ အိမ်​ထဲလှမ်းဝင်​လိုက်​သည်​။ ဖိနပ်
ချွတ်​မှာ အ​မေ့ဖိနပ်​ ညီမ​လေးဖိနပ်​ နဲ့ ​ယောက်​င်္ကျား
စီးဖိနပ်​တစ်​ရံကိုမြင်​လိုက်​ရပါသည်​။
ဧည့်​ခန်းက​နေစကားသံအချို့ကြား​နေရ​တော့
မုန်​တိုင်း အသာတက်​လာခဲ့သည်​။ ဧည့်​ခန်းကိုကာ
ရံထား​သောလိုက်​ကာ စကိုအသာဖွင့်​ပြီးဝင်​လိုက်
တော့ အ​မေက သူ့ကိုလှမ်းကြည့်​သည်​။ အ​မေနဲ့
မျက်​နှာချင်းဆိုင်​ထိုင်​​နေသူကိုကြည့်​လိုက်​​တော့
မုန်​တိုင်း ​အသက်​ရူရပ်​မတတ်​ဖြစ်​သွားသည်​။....။
လက်​ထဲမှာကိုင်​ထား​သော အထုပ်​​လေးက ဘုတ်
ခနဲကြမ်းပြင်​​ပေါ်ပြုတ်​ကျသွားသည်​။

"...​အ​ဖေ....."

မ​ခေါ်ရတာကြာပြီဖြစ်​တဲ့နာမ်​စားတစ်​ခုက
တုန်​တုန်​ရင်​ရင်​သူ့ပါးစပ်​ကထွက်​သွားပါသည်။သူ
ငယ်​စဉ်​ကတည်းက​​​ပျောက်​ချက်​သား​ကောင်း​နေ​သောအ​ဖေသည်​ အခု သူ့​ရှေ့မှာ ထိုင်​လျက်​သား။
မုန်​တိုင်း ​ကြောင်​ပြီး​ငေး​နေစဉ်​မှာပဲ အ​ဖေကသူ့
ကိုခပ်​စူးစူးတစ်​ချက်​ကြည့်​လာပါသည်​။
ပုံမှန်​မဟုတ်​​သောအ​ဖေ့အကြည့်​ကို မုန်​တိုင်း အဓိပ္ပါယ်​မ​ဖော်​တတ်​​ပေ။
တန်​ဖိုးကြီးအ၀တ်​အစား နဲ့ စားပွဲ​ပေါ်ကစားစရာ
ခြင်း​တောင်း​တွေက အ​ဖေဟာ အရင်​အ​ခြေအ​နေမ
ဟုတ်​​တော့တာကိုပြ​နေသည်​။
မုန်​တိုင်း ရပ်​​နေတုန်းမှာပဲ အ​ဖေက သူ့ဆီ
လမ်း​လျှောက်​လာသည်​။ အ​ဖေ့​ခြေသံဟာ အနည်း
ငယ်​ကြမ်း​နေသည်​ဟုထင်မိသည်​။ ပြန်​​တွေ့ရ​သော
သား ကို ပြုံးပြတဲ့အပြုံးကခပ်​မဲ့မဲ့။
အ​ဖေ့ရဲ့​တောက်​ ​ခေါက်​သံတစ်​ချက်​ ကိုကြား
လိုက်​ရပြီး သူ့​မေးရိုးပူခနဲဖြစ်​သွားမှုနဲ့အတူ မျက်​လုံး
ထဲမီးပွင့်​သွားပါသည်​။
ကြမ်းပြင်​​ပေါ်ဒုန်းခနဲလဲကျသွားတဲ့အချိန်​ထိ
မုန်​တိုင်း ဘာဖြစ်​လို့ဖြစ်​မှန်းနားမလည်​မိ​သေး​ပေ။
သူအထိုးခံရတာ...။ မှန်​သည်​။...။ နှုတ်​ခမ်း
ထောင့်​ကို လက်​နဲ့သပ်​တင်​လိုက်​တဲ့အချိန်​မှာ​တော့
သွေး​တွေကို​မြင်​လိုက်​ရသည်​။နားမလည်​မှုများစွာ
ဖြင့်​အ​ဖေ့ကိုထပ်​​ခေါ်မိသည်​။

သရပါအလွန်Where stories live. Discover now