သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၂၀)
(Season - 2, Episode - 14)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
နာမည်ကြီးဦးထွန်းလင်းခြံနားက မန္တလေးမာ
လာငါးကင်ဆိုင်လေးမှာ ကြယ်စုနဲ့ ကိုဘုန်းဝင်ထိုင်
ဖြစ်ကြသည်။
မျက်မှန်တပ်မလာတဲ့အပြင် တီရှပ်နဲ့ ဂျင်းဘောင်း
ဘီတိုကို free style ၀တ်လာတဲ့ ကိုဘုန်းက အခု
မှလူငယ်ပုံစံပေါ်ကာ ပေါ့ပေါ့ပါးပါးဖြစ်နေသည်။"...အစ်ကို...ဒီဆိုင်ပိုင်ရှင်ကိုသိလား...."
"..သိတယ်..ကိုဇော်ဇော်လေ..."
"..သူကတော်တယ်နော်..ကိုဘုန်း...ပညာမ
တတ်ပေမဲ့..စာကြည့်တိုက်တစ်တိုက်တောင်
ဖွင့်ထားသေးတယ်.."ကိုဘုန်းက ထောပတ်သီးဖျော်ရည်ကိုပိုက်နဲ့စုပ်
သောက်ကာ ခေါင်းညိမ့်ပြသည်။ လူစည်ကားသော
လှည်းတန်းလိုနေရာမျိုးမှာ ဒီလိုဆိုင်တစ်ဆိုင်အောင်မြင်အောင်ဖွင့်နိုင်တဲ့ ကိုဇော်ဇော်ကို ကျိတ်၍ချီးကျူးမိသည်။"....အင်း...သူကအမေအောင်ဆန်းစုကြည်ရဲ့
လူငယ်ထူးချွန်ဆုကိုပါရထားတဲ့သူလေ....
လူငယ်တွေအတုယူစရာပေါ့ကွာ.....""...ကိုဘုန်း...ဘာမှမဖြစ်လို့တော်သေးတယ်..
ဦးမိုးဇော်တို့ကအကြံပက်စက်တယ်နော်...
အစ်ကို့ကိုသိက္ခာချပြီးအကျပ်ကိုင်ကြတာ....""..ပြီးတာတွေထားလိုက်ကြယ်စု...ငါတို့အခု
စာအုပ်ထုတ်မယ့်ကိစ္စကိုပဲအာရုံစိုက်ကြရအောင်."စာအုပ်ဆိုတာထုတ်ချင်တိုင်းထုတ်၍မရ။ စာအုပ်
ရာသီရှိသည်။ သင်္ကြန် ၊ မိုးတွင်း ၊ ကျောင်းသားများ
စာမေးပွဲဖြေနေချိန် ။ အဲဒီကာလတွေဟာစာအုပ်
အရောင်းအေးသည့်ကာလတွေဖြစ်သည်။
ထို့ကြောင့်သူ့ရာသီနှင့်သူအချိန်မီထုတ်ရသည်။
ဆိုင်ထဲက သီချင်းသံက မြူးမြူးကြွကြွပျံ့ လွင့်လာ
တော့ နှစ်ယောက်စလုံးငြိမ်သက်စွာနားထောင်မိ
နေကြသည်။
STAI LEGGENDO
သရပါအလွန်
Storie d'amoreသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...