Season - 2, Episode - 2

1.8K 123 0
                                    

သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၈)
(Season - 2, Episode - 2)
- - - - - - - - - - - - - - - - - - - - - - - - - - - - -


 ​နေ့လည်​ထမင်းစားချိန်​မို့ ဂျာနယ်​တိုက်​မှာ
ဘယ်​သူမှမရှိ​ပေ။ အယ်​ဒီတာအခန်းထဲ​ပြေးဝင်​ပြီး
ကား​သော့ကို လက်​မှာ ၀ီခနဲ​နေ​အောင်​လှည့်​ပြီး
စားပွဲ​ပေါ်တင်​ပါးလွှဲထိုင်​လိုက်​ပါသည်​။.....။
ကွန်​ပျူတာ ​မောက်​စ်​ကို အုပ်​ကိုင်​ကာ..​မျက်​လုံး
နှင့်​​မော်​နီတာမခွာ​သော ကိုဘုန်း က ဒီဂျာနယ်
တိုက်မှာအလုပ်​အကြိုးစားဆုံးနဲ့ အ​တော်​ဆုံးအယ်​ဒီတာဖြစ်​သည်​။
အလုပ်​ကြိုးစားလွန်းသဖြင့်​ တားယူရတဲ့ လူ
မျိုး။.....။ အဲ....သူနဲ့​တော့ကွာသည်​။..။
စားပွဲကို သူ ကား​သော့နဲ့ တ​ဒေါက်​​ဒေါက်​​ခေါက်
လိုက်​​တော့ ကိုဘုန်းက မျက်​နှာကိုကွန်​ပျူတာမှမ​ရွေ့ ​စေဘဲသူ့ကို ဖိ​ဟောက်​သည်​။

"....​ဟေ့​ကောင်​..စားပွဲကိုမ​ခေါက်​နဲ့လို့ ဘယ်​နှစ်
ခါ​ပြောရမလဲ......အမှုတိုးမယ်​ကွ........"

"...အမှုတိုးရ​အောင်​...ဒါ..ရဲစခန်းမှမဟုတ်​တာ
ကိုဘုန်းရာ....ဂျာနယ်​တိုက်​ကြီး​လေ......"

"....ဘာပဲဖြစ်​ဖြစ်​ကွာ...ငါမကြိုက်​တာမလုပ်​နဲ့
နေပါဦး...မင်းကငါ့ကိုဘာလာရှုပ်​ပြန်​တာလဲ.."

"...​နေ့လည်​စာစားမလို့........ပြီး​တော့....
ကိုဘုန်းကို..သတင်းတစ်​ပုဒ်​​ပြောပြမလို့.."

".....ဘာသတင်းလဲ....စိတ်​၀င်​စားစရာ​ကောင်း
လို့လား..မင်းရှုပ်​ရှုပ်​ယှက်​ယှက်​​တွေလာ
မလုပ်​နဲ့​နော်​...​ဟေ့​ကောင်​.."

အယ်​ဒီတာပီပီ အရာရာကိုစိစစ်​လွန်း​သော ကို
ဘုန်းအကျင့်​ကို သိထားပြီးပြီဖြစ်​၍ ပုခုံးကိုသာ
တွန့်​မိ​တော့သည်​။.....။
အခုလည်း ​နေ့လည်​စာစားချိန်​ပင်​လွန်​​အောင်
အလုပ်​လုပ်​​နေသူကို စားပွဲက​နေ အပါ​ခေါ်ရ​ပေ
ဦးမည်​။.....။

"...ကိုဘုန်း...ကျွန်​​တော်​ တစ်​က​နေ သုံးအထိ
ရေမယ်​.....ဆုံးလို့မှမထရင်​....ကျွန်​​တော်​...
အကြမ်းဖက်​တဲ့နည်းကိုသုံးရလိမ့်​မယ်​....."

သရပါအလွန်Dove le storie prendono vita. Scoprilo ora