သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၆)
(Season - 2, Episode - 10)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
ကားကြီးကွင်းသို့ရောက်သောအခါ သူ့ထံတန်း
တန်းမတ်မတ်လျှောက်လာနေသည့် မာမီ့ကိုတွေ့
လိုက်ရသဖြင့် ကိုဘုန်းဝမ်းသာသွားသည်။မန်းမြေ
ကိုခြေချလိုက်ရတာနဲ့ စိတ်တွေကအလိုလိုပေါ့ပါးလန်းဆန်ကာအညာအငွေ့အသက်လေးတွေ
ခံစားရသည်။ ဇာတိမြေပုဂံကိုတောင်လွမ်းလာသည်။"...မာမီ...နေကောင်းလား...."
"..ကောင်းတယ်မိုး...ပြောပါဦး..ဘယ်နှစ်ရက်
ကြာမှာလဲ...""...တစ်ပတ်လောက်ပေါ့..မာမီ...."
"..ဟင်....မြန်လိုက်တာ..မိုးရယ်..."
မာမီက သူ့ကိုကားတံခါးကိုယ်တိုင်ဖွင့်ပေးပါ
သည်။"....ပျော်သလောက်နေပါဦးလား..မိုး..
ဟိုတယ်အသစ်ဖွင့်ထားတာမကြာသေးဘူး
မာမီတောင်မန္တလေးမှာသောင်တင်နေတာကြာပြီ.""...အားတဲ့အချိန်မှာပေါ့ဗျာ...အခုကကိစ္စလေး
တွေရှိလို့ခဏဆင်းလာတဲ့သဘောပါ မာမီရ.."မာမီကကားကိုကျွမ်းကျင်စွာမောင်းရင်း သူ့ကို
ပြောနေသည်။
ကျယ်ဝန်းပြီးသန့်ရှင်းသော မန္တလေးကလမ်းတွေ.ကိုကြည့်ပြီး ကိုဘုန်း ကျေနပ်နေသည်။"..ဈေးချိုဝင်ဦးမလား..မိုး.."
"...၀င်မယ်လေ...အောကတ္တီပါတစ်ရံလောက်
ဝယ်ရအောင်....."မာမီကဈေးချိုသို့ဦးတည်လိုက်သည်။ ကိုဘုန်း
က ကားရှေ့မှန်ကနေတစ်ဆင့် လည်ပင်းကိုအ
ကြည့်ရောက်သွားတော့ ဆွဲကြိုးလေးမရှိတော့တာ
ကိုသတိရသွားသည်။
City Mart မှာတွေ့ပြီးသူ့ကိုခပ်ထေ့ထေ့ပြော
သွားတဲ့တစ်ယောက်ကိုပါ အမှတ်ရလာသည်။
အဲဒီနေ့ ကလည်းကိုဘုန်းတစ်ကယ်အလျင်စလို
ဖြစ်နေတာပင်။ ၀င်တိုက်မိမှန်းသိပေမဲ့ မိမိကိစ္စကို
သာရှေ့တန်းတင်မိသွားသည်။မတောင်းပန်မိ။
ကားပါကင်ကိုရောက်တော့မှပင် အဲဒီလူနဲ့ထူးဆန်း
စွာကားချင်းကပ်လျက်သားရပ်မိနေပြီး နမော်နမဲ့
နိုင်သူလို့ခပ်လှောင်လှောင်ပြောသွားခြင်းခံလိုက်ရသည်။
အဲဒီဆွဲကြိုးလေးကတော့ မောင်းတံပြုတ်သွားပြီး
ဆွဲလို့မရတော့ပါ။
ဒါကြောင့် သူ့လည်တိုင် ရှင်းနေသည်။
CZYTASZ
သရပါအလွန်
Romansသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...