သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၇)
(Season - 2, Episode - 1)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
တိတ်ဆိတ်နေသောရန်ကုန် ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခု၏ လမ်းပေါ်တွင် ဖိနပ်သံကစည်းချက်ကျကျထွက်ပေါ်နေသည်။....။
လူတွေအားလုံးရဲ့ အိပ်စက်အနားယူချိန်ဟာ
မုန်တိုင်း ရဲ့ အလုပ်လုပ်ချိန်ဖြစ်ပါသည်။.......။
့တံစက်မြိတ်ချင်းထိကပ်နေသော ရပ်ကွက်လေး
ထဲ ကို အကျင့်သားရနေသော မျက်လုံးများဖြင့် ခပ်
မြန်မြန်လျှောက်လာသည်။.....။
နာရီကိုကြည့်လိုက်တော့ ည၁၂ နာရီ။.....။
စေ့ရုံစေ့ထားသော အိမ်တံခါးလေးကို အသာအယာ
လှပ်ပြီး...ခြေဖော့ကာဝင်လိုက်သည်။......။
ဘုရားခန်းအနီး ထောင်ထားသောခြင်ထောင်
လေးကိုအသာဖွင့်ကြည့်လိုက်တော့ အသက်မှန်မှန်
ရှူကာ အိပ်ပျော်နေသော ညီမဖြစ်သူကိုတွေ့လိုက်
ရပြီမို့ ကျေနပ်သွားပြီ။..။ ဟိုဘက်ခြင်ထောင်ကို
တော့ ယောင် လို့ တောင်လှည့်မကြည့်မိ။ ကြည့်
လည်းမကြည့်လိုပါ။....။
စားပွဲပေါ် ပိုက်ဆံနဲ့ စားစရာအချို့တင်ခဲ့ပြီးအိမ်
ကနေပြန်ထွက်လာခဲ့သည်။
မုန်တိုင်းကို လမ်းထိပ်ကခွေးနှစ်ကောင်သုံး
ကောင်လောက်က ဆွဲဆွဲငင်ငင်အူကာ ဆီးကြို
သည်။
မုန်တိုင်း လက်ထဲက စားလက်စပေါင်မုန့်ကို
ခွေးတွေအားကျွေးလိုက်သည်။
ဆာလောင်နေဟန်ရှိတဲ့ခွေးတွေက အူတာရပ်ပြီး
ပေါင်မုန့်ကို အလုအယက်ကိုက်ဆွဲနေကြသည်။"...ခွေးတောင်မှ....မေတ္တာရောင်ပြန်ဟပ်သေး
တာပဲ.....လူတွေကခွေးလောက်တောင်
မေတ္တာတရားအကြောင်းနားမလည်ဘူး......"မုန်တိုင်း နာကြည်းစွာရေရွတ်မိသည်။....။
တက္ကစီတွေကတစ်စီးမှမရှိတော့။.....။
အခုချိန်က လူအိပ်ချိန်ပဲ။.....။
အခုချိန်မှာသူများနည်းတူသူမအိပ်နိုင်တာက
တော့သေချာသည်။.....။ နဖူးကချွေး ခြေမကျအောင်သူပိုက်ဆံကုန်းရုန်းရှာနေရသလား....။
မရှာရပါ။....။ ဒါပေမဲ့ လူတစ်ယောက်မှာ
အရေးကြီးဆုံးဖြစ်တဲ့ ဂုဏ်သိက္ခာ ၊ အလိုအပ်ဆုံး
အရာဖြစ်တဲ့ အရှက်တရား နှစ်ခုကို မြေချ ပြီး အလုပ်လုပ်ရသော အလုပ်သမား....။
လူဆိုတာ အသက်နဲ့လူလုပ်တာမဟုတ်။
အရှက်နဲ့လူလုပ်သတဲ့။
အဲဒီစကား အတိုင်းသာဆို မုန်တိုင်းကိုယ့်ကိုယ်
ကိုလူလို့တောင် မခံယူဝံ့။.....။ လုပ်ကိုင်ဖော်ဖက်သူငယ်ချင်း တစ်ဦးပြောဖူးတဲ့စကားတစ်ခွန်းရှိသည်။
ESTÁS LEYENDO
သရပါအလွန်
Romanceသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...