Season - 2, Episode - 5

1.5K 128 0
                                    

သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၁)
(Season - 2, Episode - 5)
- - - - - - - - - - - - - - - - - - - - - - - - - - - - -


အခန်းတံခါးပိတ်​ပြီး ​ ​လှေကား​လေးအတိုင်း
ဆင်းလာခဲ့တဲ့အချိန်​ထိ ကိုဘုန်း ​အေး​အေး​ဆေး​ဆေးပဲဖြစ်​​သည်​။ ဒီည​နေ ရုံးခန်းမှာ ကိုငြိမ်းချမ်းနဲ့
တွေ့ဖို့ရှိသည်​။
စာအုပ်​ထုတ်​ဖို့ကိစ္စ၀ိစ္စ​တွေ​ပြောရင်း ည​နေ
ဘက်စာ​လေးဘာ​လေးဖတ်​မည်​ဟုစဉ်းစားထား
သည်​။
ကိုငြိမ်းချမ်းက ဓာတ်​ပုံသမားပီပီ သူ့ဝတ္ထုကို
အလှဆုံးခံစားချက်​​တွေနဲ့ သရုပ်​​ဖော်​ထားမှာ​သေ
ချာသည်​။....။
နောက်​ခံ..။ ၀တ္ထု​နောက်​ခံက ပုဂံ ဟူ၍သူ့ကို
ပြောပြဖူးသည်​။....။ ကိုဘုန်း ​​အကျီအိတ်​ကပ်​ထဲ
စမ်းလိုက်​​တော့ ​ခေါင်းနားပန်းကြီးသွား​လေသည်​။
ပုဂံနဲ့ပတ်​သက်​တဲ့ သမိုင်း​ကြောင်း ၊ အချက်​အ
လက်​​အားလုံးကိုစာတမ်းပြုစုထားသည့်​ဖိုင်​​တွေ
ရှိတဲ့ USB ​လေးမရှိ​တော့။
အခန်းထဲမှာမကျန်​ခဲ့တာ​သေချာသည်​။...။ကိုဘုန်းစိတ်​ညစ်​ညူးစွာပြန်​စဉ်းစားကြည့်​​တော့
အလာတုန်း က ဓာတ်​​လှေကားထဲမှာလူတစ်​​ယောက်​နဲ့ဆုံပြီး အထွက်​မှာတိုက်​မိ​တော့မလိုဖြစ်​သွားတာကိုသတိရလာသည်​။
ကျန်​ခဲ့မည်​ဆိုလျှင်​ အဲဒီ​နေရာမှာပဲကျန်​ခဲ့နိုင်​သည်​။
မသကာ အဲဒီလူ​ကောက်​ထားလိုက်​ရင်​လည်း​ကောက်​ထားနိုင်​သည်​မဟုတ်​​လော....။
န​မော်​နမဲ့နိုင်​​သော ကိုယ့်​ကိုယ်​ကိုအပြစ်​တင်​လိုက်​ပြီး ညကျမှ CCTV ​တောင်းကြည့်​မည်​ဟု
ကိုဘုန်း ​တေးထားလိုက်​ပါသည်​။....။
ကားကိုမိနစ်​၀က်​​လောက်​ ​မောင်းပြီးတာနဲ့ ဂျာ
နယ်​တိုက်​သို့​ရောက်​ပြီဖြစ်​ပါသည်​။
ကိုငြိမ်းချမ်းရဲ့ကားအနီ​လေးကို ​ပါကင်​မှာ​တွေ့ရ
တာမို့ ​ရောက်​နှင့်​​နေ​လောက်​ပြီ။
ကိုဘုန်း ရုံးခန်းသို့မြန်​မြန်​တက်​လာပြီး ဧည့်​ခန်း
ထဲမှာထိုင်​​နေသည့်​ ကိုငြိမ်းချမ်းကို နှုတ်​ဆက်​လိုက်
သည်။
ကိုငြိမ်းချမ်းက ​ကော်​ဖီ​သောက်​​နေရင်းမှ သူဝင်​လာတာမြင်​​တော့ ​ခေါင်းတစ်​ချက်​ဆတ်​ပြီး

သရပါအလွန်Where stories live. Discover now