Season1 episode 5

2K 156 1
                                    

သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၅)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
Season1 episode 5

၂၃.၈.၂၀၁၆ အင်္ဂါ​နေ့။

ဒီ​နေ့​နေသိပ်​မပူ​ပေမဲ့ သွန်း ရင်​ထဲပူ​နေပါ
သည်​။....။ အခန်းထဲ ​တစ်​​ယောက်​တည်း​လျှောက်
လိုက်​ ၊ ​ရေ​သောက်​လိုက်​ ၊ ​သေး​ပေါက်​လိုက်​နဲ့ အချိန်​ကုန်​​နေသည်​။...။
အဲဒီလို သူ့ကိုဂနာမငြိမ်​ဖြစ်​​စေတဲ့အ​ကြောင်းအရင်း
ကတစ်​ခုတည်း....။
အဲဒါ...မိုးခါး....။
မနက်​ကတည်းကမာမီပြန်​လာပြီး .တစ်​​နေကုန်​..အခန်းထဲကမထွက်​....။....။တစ်​ခါတစ်
လေ မာမီက မိုးခါး ကို သီချင်း​တွေဘာ​တွေစိတ်​လို
လက်​ရဆိုခိုင်းပြီး နား​ထောင်​တတ်​တာမို့ မိုးခါး ရှိ
နေမလားလို့ မာမီ့အခန်းကိုအရဲစွန့်​တက်​ခဲ့သည်​။
ပုံမှန်​အတိုင်းဆို သူမာမီ့်​အခန်းကိုမ​ပြောနဲ့။..။
မာမီ​နေရာ ​အ​ပေါ်ထပ်​ကို​တောင်​တက်​​လေ့မရှိ​ပေ။
မနက်​ကတည်းက မိုးခါး မရှိ။...။ ခါတိုင်းဆို
သူ စက်​ဘီးတစ်​စီးနဲ့ဘုရားစုံ​အောင်​​လျှောက်​သွား
နေမည်​ဖြစ်​သည်​။..။ဒါ​ပေမဲ့ မသွားဖြစ်​။
တစ်​ခုခု လစ်​ဟာ​နေသလိုခံစားရသည်​။

"...​ဒေါ်ကြီး....မာမီ့.ဟိုဟာ​တွေရှိလား..."

"...မရှိပါဘူးကွယ်​....ရဲရဲသာတက်​သွား........"

ထမင်းချက်​အ​ဒေါ်ကြီးက သူ့ကို​ဖြေပြီး ဖုန်
ဆက်​သုတ်​​နေသည်​။....။
သွန်း က တစ်​ချက်​စဉ်းစားပြီးမှ ဆုံးဖြတ်​ချက်
ချကာ အခန်းတံခါး ကို​ခေါက်​လိုက်​သည်​။..။
မာမီက ကိုယ်​တိုင်​လာဖွင့်​​ပေးပြီး သူ့ကိုမြင်​​တော့
တစ်​ချက်​အံ့သြဟန်​ပြသည်​။....။
တံခါး​ဘောင်​ကိုမှီပြီး သွန်း လက်​ပိုက်​ကာရပ်​လိုက်​သည်​။
မာမီ့အခန်းကိုဝင်​ဖို့ မသတီပါ။...။ မာမီက မှန်
တင်​ခုံ မှာထိုင်​ပြီး သူ့ရဲ့ဖြုတ်​လက်​စ နားဆွဲကို
ဆက်​ဖြုတ်​​နေတာ ​တွေ့ရသည်​။....။
သွန်း တစ်​ချက်​မဲ့လိုက်​ပြီး မာမီ့အခန်းထဲ​ဝေ့
ကြည့်​လိုက်​သည်​။ ထူထဲ​သောစပရိန်​​မွေ့ရာအမြင့်
ကြီး ကိုမြင်​​တော့ ဟက်​ခနဲရယ်​မိသည်​။

သရပါအလွန်Tempat cerita menjadi hidup. Temukan sekarang