သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၇)
(Season - 2, Episode - 11)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
မနက်ခင်းစောစောမို့အင်းလျားကန်ဘောင်မှာ
လူတွေစည်ကားနေသည်။ လတ်ဆတ်သောလေကို
အားပါးတရရှူရှိုက်ကာ ချွေးထွက်အောင်ပြေးလိုက်
တော့ မုန်တိုင်းတော်တော်လေးနေလို့ထိုင်လို့
ကောင်းသွားသည်။
သူ့ကိုဒီအကြံပေးပြီးအဖော်စပ်တဲ့ကြယ်စုက
ရေသန့်ဘူးတစ်ဘူးကိုမော့ကာ အပန်းဖြေနေပါ
သည်။"..လှည်းတန်းဈေးမှာ.အသုပ်ဝင်စားရအောင်
ပြီးရင်.စင်တာထဲ..window shopping.
ထွက်မယ်...""..ဟာ..ဟေ့ကောင်ဖြစ်မလားကွ...ငါတို့က
ဘောင်းဘီတိုကိုယ်စီနဲ့....ချွေးတွေလည်းရွဲနေ
တာ..အသုပ်ပဲစားမယ်.စင်တာထဲတော့မ၀င်လိုက်
ပါနဲ့မောင်မင်းကြီးသားရယ်...."ကြယ်စု က အားပါးတရရယ်ကာ လက်ကိုဆန့်
ပြီးလေကိုတ၀ကြီးရှူပြသည်။
မုန်တိုင်းလည်း သူလုပ်သလိုလိုက်လုပ်ကြည့်တော့စိတ်တွေအတန်ငယ်ပေါ့ပါးသွားသလိုခံစား
လိုက်ရသည်။
အခုတလော ဒီချာတိတ်ကြောင့် မုန်တိုင်းစိတ်
ကြည်နေသည်။ ကျေးဇူးလည်းတင်ရသည်။"...သွားရအောင်..ကြယ်စု....နေမြင့်လာရင်
ပူတယ်..."နှစ်ယောက်သားကန်ဘောင်မှဆင်းကာ တက္က
သိုလ်ရိပ်သာလမ်းအတိုင်း လျှောက်လာခဲ့သည်။
ကားမှတ်တိုင်သို့ရောက်လျှင်ကြယ်စု က ပေါင်တွင်း
ကြောတွေတင်းနေလေပြီ။
Gymပုံမှန်ကစားတဲ့ မုန်တိုင်းကဘာမှမဖြစ်ပေ
မဲ့ အလေ့အကျင့်မရှိသေးတဲ့ ကြယ်စုကတော့ရှုံ့မဲ့မဲ့
လေးဖြစ်ကာ ကုန်းကုန်းကွကွဖြစ်နေသည်။
မုန်တိုင်းလည်းရယ်ချင်စိတ်ကိုမျိုသိပ်ကာ ကား
အလာကိုစောင့်နေလိုက်သည်။
မကြာခင် ၁၄ တစ်စီးရောက်လာသည်။ ဆင်း
မယ့်သူမရှိ။ ရှေ့မှတ်တိုင်မှာဆင်းမယ့်သူတွေသာ
ကားဝမှာပြွတ်သိပ်နေ၏။
ဒီကားတွေ က လက်ကိုင်တန်းမြင့်သည်။ အရပ်ပုတဲ့ ကြယ်စုက မမှီ။ ကားကရုတ်တရက်ဆောင့်
ထွက်လိုက်သောအခါ ကြယ်စု သည် အော်တိုမစ်
တစ် သူ့ခါးကိုဖက်မိလျက်သားဖြစ်သွားလေသည်။
..မုန်တိုင်းက တစ်ချက်ရယ်လိုက်ပြီး
YOU ARE READING
သရပါအလွန်
Romanceသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...