,သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၉)
(Season - 2, Episode - 13)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
အောင်မင်္ဂလာဝင်းသို့ကားထိုးရပ်လိုက်တာနဲ့
ကိုဘုန်း ခုံအောက်မှာ ရပ်ထည့်ထားတဲ့ အိတ်ကို
ကောက်လွယ်လိုက်ပါသည်။
ကြယ်စု ကိုလာမကြိုနဲ့တော့လို့မှာထားသဖြင့်
တက္ကစီနဲ့မြို့ထဲပြန်ရမည်ဖြစ်သည်။
သီရိဆီက SMS တစ်စောင်ဝင်လာတော့ဖွင့်
ဖတ်ပြီး လေပူတစ်ချက်ဝူးခနဲမှုတ်ထုတ်လိုက်သည်။
အိတ်ကိုလွယ်ပြီး ကားငှါးဖို့အပြင်ကိုထွက်လာ
ရင်း ဖုန်းကိုတစ်ချက်ငုံ့ကြည့်နေတုန်းမှာပဲ လူက
ရုတ်တရက်ယိုင်ခနဲဖြစ်သွားကာ သတိမေ့သလိုလို
ဖြစ်သွားသည်။
အသိစိတ်ပျောက်သလိုလိုဖြစ်သွားပြီး ခန္ဓာကိုယ်
တစ်ခုလုံး ဘယ်ရောက်လို့ရောက်နေမှန်းအသိစိတ်
မရှိတော့ပေ။*******************************
"...တနင်္ဂနွေနေ့မှချိန်းထားတယ်လေ....""..သိပါတယ်ငါ့ညီရာ..မင်းကိုငါတို့သူဌေးက
တွေ့ချင်တယ်ဆိုလို့ ..လာခေါ်တာပါ...."အန္တရာယ်အငွေ့အသက်တစ်ခုခုကိုခံစားရတာ
မို့ မုန်တိုင်း သတိကပ်ထားလိုက်ပါသည်။
တနင်္ဂနွေနေ့မှချိန်းထား တဲ့လူတွေက နှစ်
ရက်ကြိုစောပြီးရောက်လာကြသည်။
ကြယ်စုကိုဖုန်းဆက်ဖို့ကလည်း အခြေအနေမပေးတော့တာမို့ မုန်တိုင်း ဆင်းလိုက်လာခဲ့သည်။"...အခုကဘယ်နေရာကိုသွားမှာလဲ....."
"....ကလပ်ကိုပါကွာ...ဓာတ်ပုံရိုက်မှာကလည်း
ကလပ်မှာပဲ...ငါ့ညီပြင်ဆင်ထားလိုက်တော့.."မုန်တိုင်းက နောက်ခန်းမှာ ၀င်ထိုင်လိုက်တော့
ဟိုလူသုံးယောက်က ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည်။ မုန်တိုင်းလည်းအသာငြိမ်နေလိုက်သည်။ ပြီးတော့
နှာခေါင်းကို လက်နဲ့ပိတ်ထားကာ ကားမှန်ကို
ဖွင့်လိုက်ပါသည်။မျက်လုံးထောင့်ကတော့သတိမ
လစ်စေရဘဲစောင့်ကြည့်နေသည်။
JE LEEST
သရပါအလွန်
Romantiekသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...