သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၉)
(Season - 2, Episode - 3)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
ဒီနေ့ ရုံးပိတ်ရက်မို့. ကိုဘုန်း တစ်ယောက်တည်း
အေးအေးဆေးဆေး အိမ်မှာ ကွေးနေသည်။.....။
ရွှေ FM မှလာသော ဆရာတော် အရှင်ဆိကိန္ဒ ၏
ဘ၀ဖြောင့်ကြောင်းတစ်စေ့တစ်စောင်းကို နားထောင်နေပါသည်။....။
ဆရာတော် ရဲ့အသံကသြဇာပါသည်။ ပါဠိစ
ကားလုံးတွေနဲ့ နားရှုပ်အောင်မပြောဘဲ လူငယ်
တွေအတွက်တန်ဖိုးရှိတဲ့ ဘ၀အတွေ့အကြုံတွေကို
မျှဝေပြောကြားသွားသည်။
အတုယူစရာလည်းပါသည်။ ရှောင်ကြဉ်ရမည့်
အချက်လည်းပါသည်။...။ထို့ကြောင့် မည်သို့ပင်
အလုပ်များပါစေ မနက်တိုင်းမပျက်မကွက်နာယူ
ဖြစ်ပါသည်။...။
စားပွဲပေါ်ရှိကွန်ပျူတာ ဖန်သားပြင်ပေါ်က
Background ပုံလေးကို မြင်တော့ ကိုဘုန်း
မရည်ရွယ်ဘဲပြုံးမိသွားသည်။....။
ဒီ ဓာတ်ပုံကို ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံဆရာက
လည်း ဝေးဝေးသွားကြည့်စရာမလိုပေ။....။
မနက်ဖြန် စာအုပ်ကိစ္စနဲ့တွေ့ရဦးမှာဖြစ်တဲ့
ကိုငြိမ်းချမ်းဖြစ်သည်။....။
တစ်ကယ်တော့ ကိုငြိမ်းချမ်းက ဒီလောကမှာ
သူ့ထက်ဝါရင့်သည်။....။ ဓာတ်ပုံလောကမှာရော
စာပေလောကမှာပါ အလွန်လူသိများသည်။.....။
သူ့ကို ဒီ သတင်းမီဒီယာလောက ထဲသို့ရောက်လာ
အောင် အဓိက ကူညီပံ့ပိုးသူလည်းဖြစ်သည်။....။
အဲဒီ မော်နီတာပေါ်က Background
ပုံလေးကို ကိုငြိမ်းချမ်းလွန်ခဲ့တဲ့တစ်နှစ်က ရိုက်
ပေးခဲ့တာဖြစ်သည်။....။ အဲဒီပုံနဲ့ပတ်သက်လို့
လည်း သူ့မှာ ပြန်တွေးတိုင်းဆွေးရတဲ့ သူတစ်
ယောက်လည်းရှိသည်။....။မရှက်တမ်းဝန်ခံရ
လျှင် သူအသက်တမျှချစ်မြတ်နိုးရသူ လည်းဖြစ်
သည်။
ဒါပေမဲ့ ကိုဘုန်း ဆိုတဲ့သူဟာ အတိတ်ထဲမှာ
ပဲ နစ်မျော နေတဲ့ ခပ်ညံ့ညံ့ကောင်မဟုတ်။
အကယ်၍ သူသာ ဖြစ်ပျက်ပြီးခဲ့တဲ့ အတိတ်ကိုဖက်တွယ်ပြီး အချိန်ရှိသ၍ သောကရောက်နေမည်ဆိုလျှင် အခုလိုဂျာနယ်တိုက်ကြီးရဲ့ အယ်ဒီတာ ကိုဘုန်းလူ ဆိုတဲ့
နာမည်တစ်လုံးနဲ့ရပ်တည်နိုင်မည်မဟုတ်ပေ။
အချစ်ဦးကိုမြေးဦးရတောင်မမေ့ဘူးဆိုတာလူ
တွေပြောခဲ့တဲ့ယုံတမ်းစကားလို့ပဲ ကိုဘုန်း မှတ်ထား
သည်။ ချစ်ခဲ့ဖူးသူကို မမေ့ပါ။
ဒါပေမဲ့လွမ်းလည်း မလွမ်းမိ။
အခြေအနေတစ်ခုကြောင့်ဝေးခဲ့ရပေမဲ့ သူ
ရောကိုယ်ရော အခုဆို ကိုယ့်လမ်းကိုယ်ဖောက်ပြီး
လျှောက်နေကြပြီ။...။
အဲဒီအတွက် ကိုဘုန်း ရင်ထဲမှာ ပြင်းပြင်းထန်ထန်သိပ်မခံစားရသလို တိတ်တဆိတ်လေးတင်းခံ
ထားသော မာနခပ်ပါးပါးလွှာလွှာလေးတစ်ခုသာ
ရှိနေသည်။.....။
DU LIEST GERADE
သရပါအလွန်
Romantikသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...