ဇာတ်သိမ်းပိုင်း
5.2K 226 8
သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၂၁)
ဇာတ်သိမ်းပိုင်း
(Season - 2, Final Episode)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
      ဒီ​နေ့ ​နေသိပ်​မပူပဲ ​နေလို့​ကောင်း​နေသည်​။ရိုက်
ကူး​ရေးစမယ့်​​နေ့ ဖြစ်​သဖြင့်​ မုန်​တိုင်း ​စော​စောထ
သည်​။ သန့်​ရှင်း​ရေးမလုပ်တာကြာပြီဖြစ်​တဲ့အခန်း
ကိုစိတ်​ပါလက်​ပါပင်​သန့်​ရှင်း​ရေးလုပ်​သည်​။
        မ​လျှော်​ရ​သေးတဲ့အကျီ​တွေကို​ရေချိုးခန်းထဲ
စိမ်​ကာ ပြတင်း​ပေါက်​​လိုက်​ကာ​တွေအားလုံးဖွင့်
လိုက်​၏။
      မ​နေ့က၀ယ်​လာတဲ့ ဘွန်​ဆိုင်းပင်​​လေးကို ဧည့်
ခန်းစားပွဲ​ပေါ် တင်​လိုက်​သည်​။ ပြီး​တော့ သူနာမည်
မသိဘဲ လှလို့ဝယ်​လာတဲ့ စိမ်း​ရှည်​ရှည်​​မျှော​မျှော
အရွက်​​တွေဖားဖား​ဝေ​နေတဲ့ ရွက်​လှမျိုးစိတ်​ပန်း
အိုး​လေးကို ၀ရံတာကပြတင်း​ပေါက်​မှာ ချိတ်​ဆွဲ
လိုက်​ပါသည်​။
ဆွဲလိုက်​လျှင်​ သူ့ဝရံတာ​လေးကအ​တော်​လှပသွား
ပြီဖြစ်​သည်​။
     ဒီသစ်​ခွပန်း​လေးကို စင်​ဒရဲလားသစ်​ခွဟု သူ
အမည်​​ပေးထားသည်​။ ၀ယ်​လာကတည်းက ပန်း
ခက်​၀ါဝါ​လေးတစ်​ခက်​ပါလာသည်​။
ပန်းအ၀ါပွင့်​​လေးကို​သေ​သေချာချာကြည့်​ပါက
စင်​ဒရဲလား​..ဂါဝန်
ဖြန့်​ကာ က​နေသည်​နှင့်​အလွန်​တူသည်​။
   မုန်​တိုင်း အကျင့်​ကတစ်​မျိုး။ အသုံးဝင်​မယ့်​ပစ္စည်း
လိုအပ်​တဲ့ပစ္စည်းဆိုရင်​အ​ကောင်းစားမှကြိုက်​သည်​။
သစ်​ခွခြံကိုဝင်​ကတည်းက ဒီပန်း​အိုး​လေးကိုမျက်​စိ
ကျခဲ့တာဖြစ်​ပါသည်​။
    သင်္ကန်းကျွန်း ၊ ကျိုက္ကဆံ​ဘုရားအနီးကသစ်​ခွခြံ
က​တွေ့ခဲ့ပါ၏။ ​ဈေးကတစ်​​သောင်းခွဲ
နားနီး​နေ​ပေမဲ့ မျက်​စိမှိတ်​ဇွတ်​၀ယ်​လာသည်​။
     သူကပန်းဆိုရင်​ အပွင့်​​တွေကိုမကြိုက်​။ ​သေး​သေးမျှင်​မျှင်​နဲ့တစ်​ခိုင်​လိုက်​စီပွင့်​​နေတာမျိုးကိုပို
သ​ဘောကျသည်​။
    ဥပမာ သဇင်​ပန်း ၊ ပိ​တောက်​ပန်း ။
    ငုဝါပန်းကျပြန်​​တော့လည်း အပင်​​ပေါ်မှာပွင့်​​နေ
တာကပိုလှသည်​ဟု သူယူဆပြန်​သည်​။ တစ်​ကယ်
တော့သူသဘာဝကိုမခံစားမိသည်​မှာကြာလှပြီ။
      နံနက်​တိုင်း ​တိုက်​​အောက်​ကိုဆွဲထားတဲ့​ခေါင်း
လောင်းသံ​လေး​တွေတချွင်​ချွင်​မြည်​ပြီဆို ပဲပြုတ်
သည်​လာပြီမှန်းသိနိုင်​သည်​။
     ဒါ​ပေမဲ့ သူနားမ​ထောင်​နိုင်​ခဲ့။ ညလုံး​ပေါက်
service ​​ပေးရတဲ့အလုပ်​​ကြောင့်​ သူ့အိပ်​ယာထ
ချိန်​သည်​ မနက်​၁၀နာရီဖြစ်​သည်​။
     ၁၆​ကွေ့မီးပွိုင့်​..နားက ပန်း​ရောင်း​နေတဲ့ဦး
လေးကြီးကိုသူလျစ်​လျူရှုထားစမြဲ။
ည​နေဘက်​ကြက်​သားသုပ်​တစ်​ပွဲဝယ်​ ၊
ထမင်း​ပေါင်းအိုးထဲက​အေးစက်​စက်​ထမင်းကို
တစ်​​ယောက်​တည်းစားခဲ့ရတဲ့
ရက်​​တွေကြားသူပိတ်​မိ​နေခဲ့သည်​။
     ပြတင်းလိုက်​ကာ​တွေဖုန်​တက်​​နေပြီ။
သူ့အခန်း​လေးအလင်း​ရောင်​မရတာကြာပြီ။
သူဗုဒ္ဓဘာသာဖြစ်​​ပေမဲ့ မြတ်​စွာဘုရားရှင်​​တော်​မြတ်​​ရှေ့ ​ခြေခိုင်​ခိုင်​မရပ်​၀ံ့ခဲ့။ဘုရားပင်​မှန်​​အောင်​မရှိခိုးခဲ့။
     အတိတ်​​တွေကို​တွေးလိုက်​ ၊ ဧည့်​သည်​​တွေနဲ့
အချိန်​ကုန်​လိုက်​ ။ သူ့ဘ၀အဓိပ္ပါယ်​မဲ့ခဲ့တာကြာပြီ။
သရပါအလွန်حيث تعيش القصص. اكتشف الآن