သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၄)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
Season1 episode 4
၂၂ . ၈. ၂၀၁၆ ၊ တနင်္လာနေ့။တီဗွီဖွင့်ကြည့်လိုက်တော့ မိုးလေ၀သတင်းလာ
နေတာမို့ သွန်း စိတ်ဝင်တစား စောင့်ကြည့်နေမိ
သည်။ ဆရာကြီးဦးထွန်းလွင် ရဲ့ မုန်တိုင်းအခြေအနေဆွေးနွေးခန်းက DVD မှာလာနေသည်။....။
မိုးခါး က သူ့ဘေးမှာဝင်ထိုင်သည်။...။ ပုဂံက
တော့ထုံးစံအတိုင်း..နေပြင်းဆဲ။....။မိုးခါး က
တီဗွီကိုတစ်ချက်ကြည့်ပြီး အပျင်းကြောဆန့်လိုက်
သည်။...။"...ဒီနှစ်လည်းမိုးကောင်းဖို့မျှော်လင့်တယ်ကွာ...
စပါးများများထွက်မှ..တို့အသက်ရှူချောင်မှာ..""..အံမယ်....မင်းကယာပိုင်တာမို့လို့လားကွ..."
"...ပိုင်တော့မပိုင်ဘူးပေါ့ကွာ..ဒါပေမဲ့.မိုးကောင်း
ရင်..ပဲတွေဈေးကောင်းရမယ်..တောင်သူတွေ
အသက်ရှူချောင်တာပေါ့....သွန်းရာ...."သွန်း ကဟုတ်တာပေါ့ လို့ဆိုပြီး တီဗွီချန်နယ်တွေ
ပြောင်းနေသည်။.....။"..DOTS လာနေတယ်...မိုးခါး..ကြည့်မလား "
"...ကောင်းသားပဲ....ဒါပေမဲ့..ကြည့်ပြီးသား .."
"....ဘယ်ကကြည့်တာလဲဟ........"
"...အင်တာနက်ကdown လိုက်တာ.."
"...သြော်....နောက်ဆုံးဘာဖြစ်သွားလဲ.
ညားရဲ့လား..ငါမညားရင်မကြည့်တော့ဘူး..""...အရူး...ဇတ်သိမ်းကိုပြောလိုက်ရင်..ဘယ်
ကြည့်ကောင်းတော့မလဲ...မပြောချင်ဘူး..
ဒီတိုင်းကြည့်ရအောင်............."သွန်း က အတင်းမမေးတော့ဘဲ တီဗွီကိုသာ
အာရုံစိုက်လိုက်သည်။...။
တစ်ကယ်လည်း မိုးခါး မပြောပြချင်ပါ။ ဒီဇတ်
ကား ကို သူတောင်ရင်တဖိုဖို ရင်တမမနဲ့ ကြည့်ရ
တာဖြစ်သည်။ ဇတ်လမ်းက အပြီးသတ်ခါနီးမှာ
လှည့်ကွက်လေးတစ်ခုနဲ့ ပရိသတ်တွေကို ဟင်ခနဲ
ဟာခနဲ ဖြစ်အောင် ရိုက်ပြထားသည်။....။
ဒီဇတ်ကားကြည့်ပြီး မိုးခါး စကားတစ်ခွန်းကို
စွဲစွဲမြဲမြဲ မှတ်မိနေသည်။ အွန်စော က လေဆိပ်မှာ
မင်းသား Dineal နဲ့တွေ့တဲ့အခန်းလေး။ Dineal
က ပြည်ဝင်ခွင့်အပိတ်ခံထားရသည်။....။
အင်တာဗျူးဖြေရင်း..မင်းသားက..
YOU ARE READING
သရပါအလွန်
Romanceသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...