Season - 2, Episode - 4

1.5K 123 0
                                    

သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၀)
(Season - 2, Episode - 4)
- - - - - - - - - - - - - - - - - - - - - - - - - - - - -


အိမ်​တံခါးကိုဝုန်းခနဲဆွဲဖွင့်​သံနဲ့အတူ ​ခြေသံ
ပြင်းပြင်းကိုကြားလိုက်​ရ​တော့ မုန်​တိုင်း ထိတ်​ခနဲဖြစ်
သွားသည်​......။
ညီမ​လေးရဲ့​ခြေ​ထောက်​အ​ခြေအ​နေက မသက်
သာလာပါ။ ​ဆေးရုံနဲ့ အိမ်​ကို အ​ခေါက်​​ခေါက်​အခါ
ခါ​ပြေးလွှား​နေရပါသည်​။....။
ညီမ​လေး​ဆေးရုံတက်​လျှင်​ မုန်​တိုင်း ညဘက်
ကလပ်​ကိုမသွားနိုင်​​တော့ပါ။
အ​မေကတော့ညဘက်
လူနာ​စောင့်​ဖို့​နေ​နေသာသာ ​နေ့ခင်းပိုင်းကို​တောင်
ဝီရိယမရှိ။ ဒါ​တောင်​ ကိုယ့်​သမီးအရင်း​ခေါက်​​ခေါက်
ကုတင်​​ပေါ်မှာပက်​လက်​ဖြစ်​​နေတဲ့အ​နေအထား။
မုန်​တိုင်း အိမ်​​ရှေ့ကိုထွက်​လာ​တော့ ထမီခါး
စောင်းတင်​ပြီး ရှုံးလာပုံရတဲ့ အ​မေက ​ရေသန့်​ဘူး
ကို​မော့​နေသည်​။
မုန်​တိုင်း ရင်​ထဲအသည်းထဲက ရွံရှာမုန်​တီးစိတ်
တွေလှိုက်​၍ လှိုက်​၍ တက်​လာပါသည်​။
ဒါ​ပေမဲ့ မ​ပြောမဖြစ်​စကား​တွေကို ဖျစ်​ညှစ်​​ပြော
ရ​ပေဦးမည်​။ အ​မေ ဆိုတာ သူ့အတွက်​နာမ်​စား
တစ်​ခုထက်​မပိုနိုင်​​တော့ပါ။

"......အ​မေ......"

"...ပိုက်​ဆံလာ​ပေးတာလား..မစို့မပို့​တော့မလုပ်
နဲ့​နော်​..ငါအခုတ​လောအရှုံးများ​နေတယ်​.."

"....မစို့မပို့...ဟုတ်​လား..ကျွန်​​တော့်​ကိုစက်​ရုပ်
များမှတ်​​နေတာလား..အ​မေ...နည်းနည်း
လောက်​အသုံး​လေးဘာ​လေး​လျှော့ပါဦးဗျာ..."

"...ဘာ...​ဟေ့.....ဒီမှာ...မိုး..."

"..မ​ပြောနဲ့...အဲဒီနာမည်​လုံးဝမထွက်​နဲ့..."

အ​မေ့ပါးစပ်​ကထွက်​လုဆဲဆဲနာမည်​တစ်​ခုကို
မုန်​တိုင်း ​ဒေါသတကြီးတားမြစ်​လိုက်​သည်​။
အ​မေက သူ့ကို ပြာကျမတတ်​မျက်​​စောင်းထိုး
သည်​။မုန်​တိုင်းမျက်​​မှောင်​ကျုတ်​ကာ အံကြိတ်​၍
ဆက်​​ပြောသည်​။

"....ညီမလးကို​ဆေးရုံတင်​ရမယ်​....အ​မေ့လုပ်
ရပ်​​တွေရပ်​တန်းကရပ်​ပါ​တော့......
ကျွန်​​တော်​​တောင်းပန်​​နေတာပါ......."

သရပါအလွန်Hikayelerin yaşadığı yer. Şimdi keşfedin