သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၄)
(Season - 2, Episode - 8)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
ကားဘီးတွေသည် ပန်းခြုံအစပ်လေးနားမှာ
တုံ့ခနဲရပ်သွားသည်။ ည၈နာရီလောက်ပဲရှိဦးမှာမို့
ပန်းခြုံသည်အနည်းငယ်တော့မှောင်ရိပ်ကျနေပါ
သည်။
ဂျက်စတင်ဘီဘာရဲ့ sorry သီချင်းက ကလပ်
အပြင်သို့တစ်စွန်းတစ ခုန်ထွက်လာကာ ကားကို
မှီရပ်နေသော မုန်တိုင်းရဲ့ နားစည်ကို ရိုက်ခတ်နေ
သည်။
နှုတ်ခမ်းလှုပ်ရုံခပ်တိုးတိုးလိုက်ရွတ်ပြီး လက်ထဲကကားသော့ကို မွှေ့ကစားနေလိုက်သည်။
မနက်ဖြန် ညီမလေးကို ဆေးရုံတင်ရတော့မှာမို့
ဒီည ကလပ်ကိုမသွားဘူးလို့ဆုံးဖြတ်ထားပေမဲ့ သူငယ်ချင်း ရဲ့ ကားကိုပြန်လာပေးစရာရှိတာမို့
ကလပ်ကို တစ်ခေါက်ပြန်လာရတာဖြစ်သည်။
အလုပ်သဘောအရအကျင့်ပါနေတဲ့ မျက်လုံးတွေက ရိုးသားချင်ယောင်ဆောင်ဖို့ ခက်ခဲနေသည်။
ရုပ်ရှင်တွေထဲမှာ အနှေးပြကွက်နဲ့ ပြရင် အင်မတန်
လှတဲ့ မျက်လုံး ထောင့်ကပ်ပြီး ခပ်ယေးယေးလေး
ကြည့်တဲ့ သူ့အကြည့်ကို ဘယ်သူမှ မခံနိုင်ပါ။
ကလပ်အပြင်မှာလည်း ဟိုတစ်စုဒီတစ်စုနဲ့ လူ
အချို့ရှိနေသည်။ ဂျင်းပင်န်ကို ရှပ်အဖြူဖြင့် ထုံးစံ
အတိုင်း ကြယ်သီးတစ်ဝက်လောက်ဖြုတ်ကာ ၀တ်
ထားသော သူ့ပုံစံက ကြေးစားမှန်းသိသာသွားရော့
ထင့်။
လူတစ်ယောက်က ခပ်ယိုင်ယိုင်ဖြင့် သူ့ဆီဦးတည်
ကာလမ်းလျှောက်လာပါသည်။ မုန်တိုင်း ကားထဲကို
ပြန်ဝင်ဖို့လုပ်လိုက်ပေမဲ့ မမှီတော့။
ခါးကို ဆွဲဖက်ခြင်းခံလိုက်ရကာ ၀ီစကီအနံ့က
ထောင်းခနဲ ထိုလူထံမှထွက်လာသည်။
မြန်မြန်ထွက်မလာသော ကားပိုင်ရှင်ကိုသာစိတ်
ထဲမှ ကျိန်ဆဲလိုက်မိတော့သည်။"....ညီ......"
".ကျွန်တော်ဒီညနားပါတယ်...လက်ကိုလွှတ်ပါ."
"..အပိုတွေလုပ်မနေစမ်းပါနဲ့ကွာ...လာလိုက်ခဲ့"
"..ဟေ့လူ...လွှတ်လို့ပြောနေတယ်.....".
YOU ARE READING
သရပါအလွန်
Romanceသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...