သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁၂)
(Season - 2, Episode - 6)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
ကလပ်အပြင်ဘက်မှာတိတ်ဆိတ်နေသလောက် ကလပ်ထဲမှာတော့ နားမခံသာအောင်ဆူ
ညံနေသည်။
ကြယ်စု ကားကို ပါကင်ကနေပြန်ကွေ့ရင်း..
အိမ်အပြန်လမ်းအတိုင်း ဖြေးဖြေးလေးမောင်းလာ
ခဲ့သည်။ ညမှောင်မှောင်အောက်မှာ သစ်ပင်ရိပ်လေး
တွေက ပိုလို့နောင်မှောင်နေသည်။
ကားမှန်ချထားသဖြင့် လေအေးအေးတွေက
ကားထဲတိုးဝေ့နေပါသည်။ ဒါပေမဲ့ ကြယ်စုမချမ်းနိုင်။
ကလပ်ကိုသူလာတာ ရည်ရွယ်ချက်တစ်ခုသာရှိ
သည်။ အဲဒါက..မုန်တိုင်း ကိုတွေ့ဖို့။
ဒီည သူကလပ်တစ်ခုလုံးနှိုက်နှိုက်ချွတ်ချွတ်
ရှာပေမဲ့ မတွေ့ရ။ ဒါကြောင့် စောစောပဲပြန်ခဲ့လိုက်
တာဖြစ်ပါသည်။ကားကိုပျင်းရိပျင်းတွဲမောင်းရင်းဘာ
ရယ်မဟုတ်လမ်းဘေးက သစ်ပင်အုပ်လေးတစ်ခုဆီအကြည့်ရောက်သွားတော့ တွေ့ချင်နေတဲ့သူကိုတွေ့လိုက်ရသည်။...။ မုန်တိုင်း....။
ဟုတ်ပါသည်။ အဖြူရောင်ရှပ်တစ်ထည်ကို
ကြယ်သီးသုံးလုံးလောက်ဖြုတ်ဝတ်ထားသော
မုန်တိုင်းကို လမ်းမီးဝါဖျော့ဖျော့အောက်မှာ ခပ်ငိုင်
ငိုင်ဒီဇိုင်းဖြင့်တွေ့လိုက်ရသည်။...။
ကြယ်စု ကားကို ရပ်ပြီး မုန်တိုင်းနားသို့လျှောက်
သွားလိုက်သည်။
သူရောက်လာတာမြင်တော့ မုန်တိုင်းက တစ်ချက်
မော့ကြည့်ပြီး အဝေးသို့ပြန်ငေးသွားတာတွေ့လိုက်
ရပါသည်။
ကြယ်စု အားမလိုအားမရ ဖြစ်လာသည်။ ဖြစ်နိုင်
လျှင် သည်လူကို တစ်ညတာငွေပေးပြီး သူ့အခက်
အခဲမှန်သမျှ ကို နားထောင်လိုက်ချင်သည်။
သူ့ကိုရင်ဖွင့်လာစေချင်သည်။....။ သူ့လက်ကို
ဆုပ်ကိုင်ပေးထားချင်သည်။....။
မာနကြီးတာလား ၊ ဘာလား..ခန့်မှန်းရခက်တဲ့
မုန်တိုင်း က သူ့ကို အကြီးအကျယ် နေမထိထိုင်မသာဖြစ်စေတာတော့ အသေချာပင်။
YOU ARE READING
သရပါအလွန်
Romanceသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...