သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၂)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
Season1 episode 2
အအိပ်မက်သောပူတူးက မားမားထုပ်ကိုကိုင်ပြီးပြန်အိပ်ပျော်နေပြီဖြစ်သည်။ ညနေကတည်းကထွက်သွားသော အမေကတော့ အခုချိန်ပြန်မလာသေးပါ။..။ အိမ်တကာလှည့်ချဲထိုးပြီး သူရှာသမျှ မကုန်ကုန်အောင်ဖြုန်းပေးနေ
သည့်အမေ့ကို အပြစ်မတင်ရက်။
သွန်းဆိုတဲ့ကောင်ကလည်း သူမသိအောင်အမေ့
ကိုလာဘ်ထိုးတတ်သည်။
အမေကသိတယ်မဟုတ်လား။
ပိုက်ဆံရရင် ကိုယ့်သမီးကိုတောင်ရောင်းစားမယ့်
ပုံမျိုး....။အိမ်ရှေ့ကပြင်လေးမှာ နှစ်ယောက်သားလှဲရင်း
ကောင်းကင်ကိုမော့ကြည့်နေကြသည်။...။
မျက်စိမားမား ကိုတော့ရေနွေးနဲ့မပြုတ်ဘဲ ဒီတိုင်း
ချေကာအရသာထုပ်တွေနဲ့ရောပြီးနှိုက်စားလိုက်၏။
မားမားကို အဲဒီလို မပြုတ်ဘဲ စားရတာကို မိုးခါးရော
သွန်းပါ သည်းခြေကြိုက်ဖြစ်သည်။"...သွန်း........."
"....ဘာလဲ......."
"....မင်းတစ်ကယ်အဝေးသင်တက်မှာလား.."
".....ဟင့်အင်း...မတက်ဘူး...ငါစကားအဖြစ်
ပြောတာ.....ငါ.စီးပွားရေးတက်မယ်..ပြီး
တော့...ဘုရားပရ၀ုဏ်ကိုကျူးကျော်ဆောက်
ထားတဲ့ မာမီ့ဟိုတယ်ကြီးကို ငါပြန်ဝယ်မယ်.""..ဟားဟား.. ဟား.မွေးရကျိုးနပ်လိုက်တဲ့သား.."
"....မာမီက ပြောလို့မရဘူးကွ..ရှေးဟောင်း
ဘုရားမြေတွေလည်း ...အတင်းစီမံကိန်းချ
တယ်...
ဟိုတစ်ပတ်ကဘုရားလူကြီးတွေလာပြီး မာမီ့
ကိုညှိသေးတယ်...လက်လျော့ပြီးပြန်သွား
ကြရှာတယ်......"သွန်းက မာမားကို လက်နှိုက်ပြီး ကပ်ပါလာသောအရသာမှုန့်တွေကိုအားပါးတရစုပ်သည်။..။
ဘေးတိုက်မြင်နေရသော သွန်းမျက်နှာကျက လေး
ထောင့်မဆန်ပဲ ခပ်သွယ်သွယ်ဖြစ်သည်။.....။
YOU ARE READING
သရပါအလွန်
Romanceသရပါအလွန် •••••••••••••••••••••••••••••••••••••••••••••• ရေးသားသူ - မင်းသက်ငြိမ်သွေး - - - - - - - - - - - - - - - - - - - - - - - - - - - - - ကိုယ်အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ပါ ။ မျက်ရည်မခိုင်ရင်မဖတ်ကြပါနဲ့လို့ ... ကိုယ်တော့ Tis...