တရိပ်တရိပ် ဖြတ်သန်းနေတဲ့သဘာဝရှုခင်းတေနဲ့ ဆောင်းလေအေးအေး က သူမခုန်နေတဲ့ ရင်အစုံကို ငြိမ်သက်အောင်မပြုလုပ်နိုင် ...
နောက်တလှည့်လှည့်နှင့် သမင်လည်ပြန်ကြည့်ပြီး တောင်ရောက်မြောက်ရောက် ရွတ်ဆိုနေတဲ့ ဘုရားစာအချို့ကလည်း သူမကို စိတ်ငြိမ်အောင်မစွမ်းဆောင်နိုင်....
ခပ်မြန်မြန်ပြေးနေတဲ့ ကားလေးက တုံ့ ခနဲ ရပ်သွားတာ နှင့် သူမသိလိုက်ပြီ ...
"ဆင်းခဲ့ ခ "
ဘယ်လောက်ပဲယောကျားင်္ပီသပြီး ညှို့ငင်နိုင်စွမ်းရှိတဲ့အသံလို့ ပြောပြော ခဆိုတဲ့ သူမအတွက်တော့ငရဲကလာခေါ်တဲ့သေမင်းရဲ့ ခေါ်သံလောက်မချိုသာနိုင်ပါ ..ပေကပ်ပြီးထိုင်နေတဲ့ သူမကိုခေါ်ဆောင်ဖို့ စစ် ကိုခွင့်ပြုကာ ထိုနေရာမှ လှည့်ပြန်လာခဲ့သည်။ ပေကပ်ကပ်လုပ်နေတဲ့ သူမကိုစိတ်မရှည်တာထက် ဝေးရာကိုထွက်ပြေးတဲ့သူမကို ဒေါသဖြစ်မိမှာစိုး၍ လှည့်ပြန်လာခြင်းပါ ..
"သခင်မလေး သွားရအောင် "
"ဟင့်အင်း အကိုစစ် ခ .. ခ မသွားချင်ဘူး အကိုစစ် ခ မသွားလို့မရဘူးလား ဟင့်အင်း မသွားဘူး "
ပြောရင်းငိုနေတဲ့ သူမကို ကြည့်ပြီး စစ်လဲမနေသာပါ သို့သော် စစ်အတွက် သခင်လေးက ပို၍အရေးကြီးသည်မဟုတ်လား သူမကိုယ်လေးကို ဆွဲထူရင်းဖေးဖေးမမနှင့် ပြန်လည်ခေါ်ဆောင်ခဲ့သည် သခင်မလေး ဘာမှမဖြစ်ဖို့က သူ့အသက်ထက်အစပေါင်းများစွာ အရေးကြီးကြောင်း သူ သိသည်လော....
⚡⚡⚡
ပြန်ရောက်ထဲက ဒေါသအရှိန်က မပြေသေးသောကြောင့် သူမလေးထံ သွားရန် တုံ့ဆိုင်းခဲ့ သည် ။ည ၈ နာရီသာသာထိ သူ သူမလေး အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက် နေမိသည်ကို စစ်နှင့် အိမ်က ကောင်မလေး များအတွက် မကြာခဏ ရင်းနှီးကျွမ်းဝင် ဖြစ်နေသော်လည်း သူ၏ပြိုင်ဘက် company များနှင့် သူအားကြောက်ရွံ့ကြသော လက်အောက်ငယ်သားများသာ မြင်တွေ့ပါက သူ့သိက္ခာ ဆိုတာ သဲထဲရေသွန်သလိုဖြစ်သွားမှာ သေချာလွန်းလှသည်။" သိပ်ကိုပြုစားနိုင်တဲ့ ခလေး "
ခပ်တိုးတိုးရေရွတ်၍ သူ အရဲစွန့်ကာ အခန်းတံခါး ကိုဖွင့်လိုက်သည် ။ခလေးနဲ့ ပတ်သတ် လာရင် သူဟာ အစွယ် ကြိုးနေတဲ့ ခြင်္သေ့တစ်ကောင်ပါ ...
ငြိမ်ငြိမ်လေးအိပ်စက်နေတဲ့ သူမက ကျွန့်တော့ရင် ကို minus အထိအေးခဲသွားစေတာ သူမ မသိဘူး ..
ဆောင်းလေအေးအေး ကြောင့် သူမဖျားမှာစိုး၍ ပြတင်းပေါက်တေလိုက်ပိတ်ကာ စောင်ကိုခပ်ဖွဖွ ခြုံပေးရင်း
"အရမ်းချစ်တယ် ခလေး အိမ်မက်လှလှမက်ပါစေ "
ပြေပြေပြစ်ပြစ်နဖူးလေးထပ် ညအိပ်အနမ်းလေးပေးရင်း အခန်းအပြင်ဘက်သို့ထွက်လာခဲ့သည်။"စစ် "
"ဟုတ်ကဲ့ သခင်လေး""ကျေးဇူးတင်ပါတယ် . ပြီးတော့ နက်ဖြန် အစည်းအဝေး ကိစ္စ လဲ ကူညီပေးပါဦး "
"ဟုတ်ကဲ့ ကျွန်တော် စီစဉ်လိုက်ပါ့မယ် ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး သခင်လေး "
စစ်ပြန်သွားသည်ထိ သူ အိပ်လို့မရသေးပါ။ နောက်တစ်ချိန်သတိလက်လွတ်ဖြစ်တဲ့အခါ သူမလေး ထပ်မံထွက်ပြေးသွားမှာစိုးရိမ်နေပါသေးသည် ။ သူမလေးအတွက်ဘယ်လိုလုပ်မှ သူ့ကို သူမလေးချစ်လာမလဲ သူမသိ ၊မသိချင်သည်မဟုတ် မသိနိုင်တာဖြစ်သည် ၊ ကျော်ဖြတ်ရမယ့်မနက်ဖြန်တိုင်းအတွက် သူမ သူ့ဘေးနားရှိဖို့လိုအပ်သည်။
သူမလေး ကို ဘယ်လိုမှမစွန့်လွတ်နိုင်ပါ၊ ဘယ်အရာနှင့်မှမလဲနိုင်...
သူသာ ထာဝရ ရှင်သန်သရွေ့  ပိုင်ဆိုင်သူဖြစ်စေရမည် ..
ဒါသူ့ အရာအားလုံး နှင့်လဲယူပစ်မည့် ကတိစကားဖြစ်သည်....
💫💫💫
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....