Be Paid 14

132 6 0
                                    

ကျွန်​​တော်​ကိုယ့်​ နှုတ်​ခမ်းကိုယ်​ကိုင်​ကာ ပြုံးရုံမက ဖြီး​နေမှာ ကျွန်​​တော်​မှန်​ကြည့်​စရာမလို သိနိုင်​သည်​....

မ​နေ့က ပိစိ​တောင်းဆိုတာ​ကြောင့်​ အနမ်းချင်းဖလှယ်​သည်​ မဟုတ်​သည့်​ ကျွန်​​တော့်​ဘက်​က တစ်​ဖက်​သတ်​အနမ်းကို ​ကြေညာခဲ့ရသည်​မှာ ​နောက်​​နေ့မနက်​ကူးသည်​အထိ နှုတ်​ခမ်း​လေးကပူ​နွေး​နေ​သေးသည်​ဟု ခံစားရသည်​...

ထူးဆန်းစွာ ပိစိဘက်​က​နမ်းရန်​ညွှန်​ကြားခဲ့သည်​ကို နားမလည်​နိုင်​ပါ ...
ပိစိဟာ ကျွန်​​တော့်​အတွက်​ ခက်​ခဲသည့်​ပုစ္ဆာ ...
အ​ဖြေမထွက်​​သော ​မေးခွန်းမှား....
နက်​နဲသည့်​ ပညာရပ်​ ...
ဆန်းကျယ်​​သော ဂမ္မီရနတ်​ခတ်​...

အဲ့လိုရှုပ်​​ထွေးမှု​တေကိုမှ မုန်းခဲ့သည့်​ကျွန်​​တော့်​ကို နှစ်​သက်​​အောင်​ပြု​ဆောင်​​နေသည့်​ ပိစိ ... သိပ်​ကို​တော်​လွန်းသည်​....

💦💦💦💦💦

"ပိစိ​စောင့်​​နေတာကြာသွားလား ကိုယ်​​တောင်းပန်​ပါတယ်​ "

ပိစိနှင့်​ ချိန်းထားသည့်​​နေရာကို ​နောက်​ကျမှ​ရောက်​သည့်​ အ​ကြောင်းပြချက်​မှာ အခြားမဟုတ်​ ...ပိစိစွဲလမ်း​စေရန်​ စတိုင်​အပြည့်​နှင့်​ရှိုးထုတ်​လာခြင်းပင်​...

"ခင်​ဗျားကို ​ငြင်းထားတာ တရားဝင်​​သေးလား "

"မ၀င်​ပါဘူး ဘာလည်း ကိုယ့်​ကိုစိတ်​၀င်​စားပြီမို့လို့လား ... "

"Crystal ကိစ္စကို​ပြောတာ ခင်​ဗျားက ကိုယ့်​ကိုယ်​ကို အထင်​ကြီးတာပဲ​နော်​ လိုက်​ပါတယ်​ ..."

"​ဒီလိုပါပဲ confidence ရှိသင့်​တာမို့ပါ ... ငါနဲ့တွဲပါ ပိစိ အဲ့ဒါဆို ငါဘာမဆိုလက်​ခံမယ်​ .."

"အလိုဖြည့်​စည်းတာ​တေ ကျွန်​​တော်​မကြိုက်​ဘူး ဦးစိုင်းမင်းမာန်​.. . "

"နမ်းလို့​တော့ရမလား အလိုမဖြည့်​ရလည်း နမ်းခွင့်​​တော့ပြုပါ "

"ဘယ်​တုန်းက ပိတ်​ပင်​ဖူးလို့လဲ ... "

ငါကွဆိုပြီး ​အော်​ဟစ်​ကာ ပွဲကြမ်းချင်​ပြီ... ပိစိလက်​ခံပြီမို့ ၀မ်းသာရ​သော်​လည်း မ​ကောင်းမှုထဲဆွဲမ​ခေါ်ရက်​ပါ ...

Be PaidWhere stories live. Discover now