"ခလေး.... ခလေး... ဘယ်လိုလုပ် ... "
"ခတောင်းပန်ပါတယ်နော် "
"မလိုပါဘူး.. ခလေးနဲ့ ဘာမှမဆိုင်ဘူး ပြီးတော့ ကိုကိုခလေးကို ချစ်တာနဲ့လည်း ဘာမှမဆိုင်ဘူး ခလေးတောင်းပန်ချင်တယ်ဆိုရင်တောင် ကိုယ့်အနားကနေဘယ်မှ မသွားဘဲ အပြစ်တေပြန်ဆပ်ရင် ရပြီ.. "
💦💦💦💦💦
"မင်းအမကို မင်းချစ်လား ပိစိ ... "
ကျွန်တော်ပြောတဲ့စကားကြောင့် စပျစ်သီးခူးနေရာကနေ မျက်မှောင်ကြုတ်ကာ လှမ်းကြည့်သည်။
"ချစ်တယ်.. . "
"ငါ့ကိုရော .. "
"မုန်းတယ်.. "
"ဟဟ ပိစိရာ အဲ့လို ဖြေမှဖြေပါ့မလားလို့ ... ငါမင်းဆီမှာ အချစ်တေပုံထားတာ အလကားမဖြစ်ဘူးပဲ .. မင်းသိလား ငါက စက်အာဏာလျှံနဲ့ သူငယ်ချင်းတေဆိုပေမယ့် ရန်သူတေဆိုလည်းဟုတ်တယ် ... သူ့ကိုဦးညွတ်ဖူးတာ မင်းကြောင့်ပထမဆုံးပဲ .. ဒါပေမယ့် မင်းသိလား သူကလည်း မူးယစ်ရာဇာတစ်ယောက်ပဲ... "
"မဖြစ်နိုင်တာတေမပြောနဲ့ တကယ်လို့ဟုတ်ခဲ့ရင်တောင် ကိုစက်က မမခစိတ်ဆင်းရဲမယ့်အလုပ်မျိုး မလုပ်ဘူး ... "
"ငါလည်းမလုပ်ရင် မင်းငါ့ကိုလက်ခံပါလား.."
"ခင်ဗျားသေမယ့်တနေ့ ကျွန်တော် ခင်ဗျား အချစ်ကို လက်ခံမယ် .."
"ငါကဒီလိုပြတ်သားပြီး တဇွတ်ထိုးဆန်တဲ့မင်းကို ကြိုက်တာ ... နောက်ရက်ကစပြီး ငါသေအောင်ကြိုးစားမယ် ပိစိ...."
သေခိုင်းနေတာကို ပြုံးပြုံးကြီးသေချင်နေတဲ့ လူ့ဂွစာကိုကြည့်ပြီး ခေါင်းရမ်းမိသည်... ဒီလူတော်တော်ရူးသည်...
💦💦💦💦💦
တီမေ့အိမ်ကနေအနားယူပြီး ပြန်လာသည့်နောက်ပိုင်း ခနှင့် စက်အာဏာလျှံတို့ ရင်းနှီးမှုပိုရလာသည်...
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....