Be Paid 12

125 5 0
                                    

သွေးအလိမ်းလိမ်း.. ဒဏ်​ရာ ဒဏ်​ချက်​ ​တေနှင့်​ လဲကျ​နေသည့်​ မိန်းမပျိုတစ်​ဦး......

တုတ်​များ ဓားများနှင့်​ ထိုမိန်းမပျိုအားဝိုင်းထားသည့်​ လူတချို့ ....

စာရွက်​အချို့နှင့်​ Laptopတစ်​လုံးကိုင်​ထားသည့်​ ကိုစစ်​ ....

ထိုသူ​တေထဲမှာမှ ထိုမိန်းမပျို​ရှေ့ထိုင်​ကာ သနတ်​ကိုင်​ထားသည့်​ စက်​အာဏာလျှံ.. ...

"ခွန်းချို ... ခွန်းချို ငါမင်းကို လိုချင်​တာအကုန်​​ပေးခဲ့သားပဲ ​နောက်​ဆုံး မင်းလိုချင်​တဲ့ ရမ္မက်​​တေပါ ငါ​ပေးခဲ့ရက်​နဲ့ကွာ ... ငါ့ခ​လေးကို လုပ်​ကြံရလား မင်းတအား အ တာပဲ "

"ရှင့်​ကို ကျွန်​မချစ်​တယ်​ ... ရှင်​က ... အဲ့ဘာမှ သုံးမရတဲ့ .... က​လေးသာသာကို ချစ်​​နေတာကိုး.... ကျွန်​မဆီပြန်​လာဖို့ အဲ့​ကောင်​မကို သတ်​ပစ်​မှာပဲ ..."

ဖောင်း ... ခနဲမြည်​သံက တစ်​အိမ်​လုံးကို လွှမ်းခြုံသွားသည်​အထိ ကျယ်​​လောင်​လွန်းသည်​။ ခကိုသတ်​ပစ်​မည်​ဟု ​ပြော​နေသည့်​ မိန်းက​လေးအား စက်​အာဏာလျှံ ထိုးလိုက်​ခြင်းပင်​ ဖြစ်​သည်​။ ​နောက်​တစ်​ချက်​ လက်​ရွယ်​လိုက်​​တော့

"မလုပ်​ပါနဲ့ ... မလုပ်​ပါနဲ့​တော့ ..."

ခ မဆင်​မခြင်​ ၀င်​တားမိ​တော့ စက်​အာဏာလျှံက ခအား​ဒေါသနှင့်​ကြည့်​​လေသည်​။ ကိုစစ်​က​တော့ အံ့သြသွားသည်​ထင်​ပါရဲ့..

"ခ​လေး မင်းဒီကို ဘယ်​လိုလုပ်​ ... ​တောက်​ မိသဲနဲ့မိစု ​သေချာမှာခဲ့သားနဲ့ ဖယ်​ ​ခ​လေး "

"သခင်​မ​လေး ဖယ်​လိုက်​ပါ ..."

"ဟင့်​အင်း ခမဖယ်​ဘူး မရိုက်​ပါနဲ့​တော့​နော်​ ..."

"ဖယ်​လို့​ပြော​နေတယ်​​နော်​ ချစ်​ခြင်းခ ငါ​ဒေါသမထွက်​ချင်း အဲ့ဟာမက မင်းကို သတ်​ဖို့လုပ်​တာကွ "

"ဟင့်​အင်း အခု ခမှ မ​သေဘဲဟာ သူ့ကိုလွှတ်​​ပေးလိုက်​ပါ "

"နင်ဝ​င်​​ပြောစရာမလိုဘူး ချစ်​ခြင်းခ နင့်​​ကြောင့်​  စက်​က ငါ့ကိုထားခဲ့တာ နင့်​​ကြောင့်​ နင့်​ကိုငါ​သေ​အောင်​သတ်​မှာ .."

Be PaidWhere stories live. Discover now