ခြံဝန်းလေးက မကျယ်ပေမယ့် နေချင်စရာကောင်းသည့်ပုံပင်... ပန်းပင်လေးတေနဲ့မို့ လိပ်ပြာလေးတေက တ၀ဲဝဲ စမ်းချောင်းလေးနဲ့မို့ ရေစီးသံက တသွင်သွင်...
"လာ ခလေး... "
"ဟယ် ... သားစက်တို့ပါလား... လာလာ... . တီမေက မျှော်နေတာ စစ်ပြောထားထဲက ဟင်းတေလည်းချက်ထားတယ်.."
"အာ တီမေရာ ... နေမကောင်းသေးတာကို ချက်စရာလား.... "
လူကြီးသူမကို ရိုသေနေသည့် စက်အာဏာလျှံသည် အရင်ကနှင့်မတူ... သူ့မှာ မျက်နှာဘယ်နှမျိုးတောင်ရှိသလဲ...
"ဟယ် ဒါသားစက် မိန်းမလေးလား... ချစ်စရာလေး... လာသမီးလာ... "
"ဟုတ်... "
ခတီမေ့ဆီကို ရောက်သွားတော့ ခမျက်နှာလေးကိုသေသေချာချာကိုင်ကာ
"အင်း အဲ့ဒါ ကြောင့်လည်း သားစက်က လူပျိုကြီးမလုပ်ဘဲ မိန်းမယူလိုက်တာကိုး..."
"တီမေ ဘယ်လိုလည်း ချောတယ်မလား သားဇနီးက "
"အေး... ချောတယ် ချောတယ်.. ."
"မေမေ ... သားကိုလည်း ဂရုစိုက်ပါဦး... "
ကိုစစ်က အထုတ်တေထားပြီးတာနဲ့ ခတို့စကားဝိုင်းထဲဝင်လာသည်...
"သွား ... မင်းကိုအလိုမရှိဘူး... မအေကိုပြစ်ထားတယ် ... လာသမီးလာ သူတို့ကိုမခေါ်နဲ့ ..."
တီမေက ခလက်ကိုဆွဲကာ မီးဖိုချောင်ထဲခေါ်လာသည်မို့ စက်အာဏာလျှံ နှင့် ကိုစစ်တို့ ရယ်မောရင်းကျန်ခဲ့သည်...
တီမေက ထမင်းဝိုင်းပြင်ရင်း ခကို စက်အာဏာလျှံအကြောင်း ပြောပြသည်။ ခမသိခဲ့တဲ့ သူ့အကြောင်းဟာ ရင်နာစရာကောင်းသည်။ သူဘာကြောင့် ရက်စက်သလဲ အခုတော့ ခသိပြီထင်ပါရဲ့....
"အာတီမေ ကျွန်တော့်ကိုကျမခေါ်ဘူး ... "
အန်တီကြီးအနားကို ကပ်ချွဲနေတဲ့ စိုင်းမင်းမာန်ဟာ ကားပေါ်မှာ ကျွန်တော့်ကို အသားယူလာတဲ့ သူမှဟုတ်ရဲ့လား...
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....