"ခလေး ဆေးသောက်ပြီးပြီလား"
"..."
ဒီကကောင်က ဆေးသောက်ချိန်အမှီ အလုပ်တေအပြီးလုပ်ပြီး သူမလေးဆီ ပြန်လာပြီး မေးနေတာကို အရေးမလုပ်ဘဲ ဆံပင်တေကိုသာ ဖြီးလိမ်း နေလေရဲ့ ...
သူမလေး လက်ထဲက ခေါင်းဘီး ကို ယူတော့ မပေးချင်လို့ထင်ရဲ့ အားလေးနဲ့ ဆွဲနေတာ ...
ရမလား သူမလေးက ကျွန်တော့်လို သန်မာတဲ့သူကို ယှဉ်နိုင်မှာမှ မဟုတ်ဘဲ.."ခလေး ဆံနွယ်လေးတေကလေ တအားနူးညံ့ပြီး မွှေးနေတာပဲ ကိုယ်အရမ်းမြတ်နိုးတယ် သိလား"
ပြောရင်းသူမ ဆံနွယ် တေကြား ခေါင်းလေးတိုးဝှေ့ကာ အနမ်းပေးတော့ တဖက်လှည့်ကာ ထွက်သွား လေသည်။
ချက်ချင်း လက်လေးတစ်ဖက်ကို ဆွဲယူလိုက်တော့ အရှိန်များသွားလို့ထင်ပါရဲ့ .. သူမကိုယ်လုံးသေးသေးလေးက ကျွန်တော့် ရင်ခွင်ထဲ နစ်မြုပ် သွားတော့ တင်းတင်းကျပ်ကျပ် ဖက်မိပြန်ပြီ ...
Oh shit ...ဖက်ရုံလေးနဲ့ စိတ်တေက ဂယောက်ဂယက်ဖြစ်လာပြီ ...
သူမလေးဆိုတာကလေ ကျွန်တော့်ကို အဆွဲဆောင်နိုင်ဆုံးသူပဲ ...."ခလေး ကိုယ်ချစ်ချင်ပြီ "
အချစ်ဆိပ်တတ်နေတဲ့ သူလိုပြောတော့ မျက်ဝန်းလေး ကျယ်လာကာ ကျွန်တော့် ကို အလန့်တကြားကြည့်ပြန်ပြီ ...
ဟာကွာ အရာရာပြုစားလွန်းတော့ သေပြီပေါ့..."ဟင့်အင်း ဟင့်အင်း ခ ... ခတောင်းပန်ပါတယ် .. ခနေမကောင်းသေးလို့ .. နောက် .. ဟုတ်တယ် နောက်မှ "
ဟုတ်ပါတယ် သူမလေးက နေကောင်းသေးတာ မဟုတ်ဘူး ..
ကျွန်တော့်ကို ကျွန်တော် အသိဆုံး ... သူမလေးနဲ့ဆို တတ်ကြွတဲ့ ကြက်ဖ ဖြစ်တာ ...
အသိစိတ်လည်း ထိန်းနိုင်တဲ့ သူမဟုတ်ဘူး...
မဖြစ်ဘူး ...."အင်းပါ ကိုယ်မှတ်ထားမှာနော် နောက်မှ ဆိုတာ ..."
သူမလေးကို လွှတ်လိုက်တော့ ကျွန်တော့် ကိုလှည့်တောင်မကြည့်ဘူး ထွက်သွားပြီ..
ကျွန်တော့်မှာသာ ကိုယ့်ဒုက္ခ ကိုယ်ရှင်းရဦးမည်။ shower roomထဲ ၀င်ပြီ့း သူမလေးကိုသာ ခန့်မှန်းရင်း....
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....