ဆေးရုံကို ၀ရုန်းသုန်းကားနဲ့ ရောက်လာရတာ လက်သည်က ကိုစက်တဲ့ ....
မမခကို မမှတ်မိပါဘူးဆိုပြီး စနောက်လို့ မမခက အရင်ရက်တေက ပင်ပန်းထားတာကြောင့်ရော စိတ်ထိခိုက်လို့ရော သတိမေ့သွားရတာတဲ့ ...ကဲ ကောင်းကြသေးရဲ့လား...
အခုလည်းကျရော မမခဘေးကနေ လက်ကလေးကိုင်လိုက် ဆံပင်လေးတေသပ်လိုက် ထိုင်လိုက် ထလိုက်နဲ့ ဂနာမငြိမ်ဖြစ်နေသော ကိုစက်...
အသံမထွက်အောင် ရယ်ပေမယ့်လည်း ရယ်ချင်စိတ်က စိုးမိုးနေတော့ ခွီးကခနဲ ...
"မျက်မှောင်ကြုတ်ပြီးမကြည့်စမ်းပါနဲ့ ငါ့ပိစိက ဘာမှ မမှားဘူး မင်းသာ ... ပြောတော့ ခကိုချစ်တယ်ဆို ... ဘာလို့မမှတ်မိဘူးသွားပြောလဲ ...
သူ့ခမျာ မင်းကို နေ့နေ့ညညစောင့်ပေးနေတာ "
"ငါလည်း မရည်ရွယ်ပါဘူး... ငါသာ ခလေးကိုမမှတ်မိခဲ့ရင် ... အတိတ်မေ့ခဲ့ရင် ... ငါ ငါ... ခလေးအနားမှာ နေခွင့်ရမလားလို့ပါ ... "
ခေါင်းလေးငိုက်စိုက်ကျကာ ၀မ်းနည်းစကားတေဆိုနေတဲ့ ကိုစက် ... ဒီလောက်သေရာက ပြန်လာရတာတောင် နိုးနိုးချင်း သတိတရရှိသည်က မမခအနားနေရဖို့တဲ့ ...
ကိုစက်ရဲ့ ပုခုံးကို လက်ကလေးနဲ့ပုတ်ကာ အားပေးတော့ မျှော်လင့်ချက်တေပါဝင်နေတဲ့ အကြည့်နဲ့ကြည့်သည်။
"မမခက ကိုစက်ကို ချစ်နေပါပြီ ... ဒါပေမယ့်မဖော်ပြတတ်သေးတာပါ ... အားမလျော့ပါနဲ့ ... မဟုတ်ရင် ကျွန်တော်က မမခကိုပြန်ခေါ်သွားမှာ .."
"ဟာ... မခေါ်ပါနဲ့ ကိုစက်ကြိုးစားပါ့မယ် ကတိပေးတယ် .."
ထိုအချိန် သတိရလာတဲ့ ကျွန်တော့်ကလေးလေး....
မင်းမာန်နဲ့ ဇွဲဇံတို့က အလိုက်တသိအပြင်ထွက်ပေးကြသည်..."ခလေး... ခေါင်းမူးနေသေးလား... ခေါင်းကိုက်နေလား... ဘာမှမဖြစ်"
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....