ညလေညှင်းက အေးစက်နေသလိုပင် ...
Aircon ကများ ထူးဆန်းနေသလား...
တဖြေးဖြေးအေးစိမ့်လာသည်။အိမ်ရောက်တော့ ph screen က တစ်ချက်တစ်ချက်လင်းနေသည်ကို မြင်သော်လည်း ကားထဲတွင် ထားပစ်ခဲ့သည်။
တစ်ယောက်ထဲအိပ်ရမှာမလို့ အိမ်တံခါးတေသေချာ ပိတ်၍ ခုတင်ပေါ် ပစ်လှဲလိုက်သည် ....
"ဟူး ... အအေးဒဏ်က အခုထိမပျောက်သေးဘူး .."
အိပ်ယာထပ် လူးလိမ့်ကာ နွေးအောင်လုပ်လိုက်သည် ...
အချိန်ကြာလာတော့ နွေးလာမှာပါ.....💦💦💦💦💦
မြည်နေသော နာရီသံပတ်သံကို အိပ်ချင်မူးတူးပိတ်လိုက်သည် ။ တရေးပြန်အိပ်ပြီးမှ လန့်ကာနိုးသည် ..
၁၁ နာရီ
သေစမ်း!!! ဒီနေ့ tourist တစ်ယောက်ကို guide လုပ်ပေးဖို့ချိန်းထားတာ နောက်ကျတော့မယ်
ရေကိုအမြန်နှုန်းနှင့်ချိုးကာ ကမန်းကတန်း လုပ်နေရတာမို့ လူကပျာပျာသလဲ ..
လွယ်နေကျ ကျောပိုးအိတ်လေးကို ယူကာ အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် လဲကျလာသည့် အရိပ် .. မဟုတ်ဘူး ခန္ဓာကိုယ် ...
ရဲတွတ်နေသော မျက်လုံးများ... ရှုပ်ပွနေသော ဆံပင်များနှင့် ဖရိုဖရဲ အ၀တ်အစားများ...
မျက်မှောင်ကြုတ် ၍ကြည့်လိုက်ကာ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်...
မဖြစ်သေး နောက်ကျနေပြီ ။ထိုအချိန် လှမ်းဆွဲလိုက်သော အေးစက်နေသည့် လက်...
"မအားသေးဘူး "
သူ့လက်ကို ဖယ်ချကာ ကားပေါ်တတ်လိုက်သည် ။ ထို့နောက် မောင်းထွက်လာခဲ့သည်။
သူဘယ်လို ဘယ်ပုံ ကျန်ခဲ့မလည်း ကျွန်တော်မသိ ...
ကျွန်တော်သိသည်က သူနှင့် မျက်နှာချင်းဆိုင်ရမည်ကို မနှစ်မြို့.....စကားလေးလုံး တုံးတိပြောကာ လှည့်မကြည့်ခဲ့သော ပိစိ .... သူတကယ်ဆုံးရှုံးလိုက်ရပြီလား..... ဟင့်အင်း ဘယ်လိုပဲလုပ်ရ လုပ်ရ ပိစိကိုမခွဲနိုင်ပါ ...
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....